Sunday, May 22, 2016

Life Style


Lifestyle
ကိုယ်ဟန်အမူအရာကို ကြည့်ပြီး လူ့စိတ်ကို အကဲခတ်နည်း
20.05.2016
စကားပြောမြန်ပြီး လက်ဟန်ခြေဟန်တွေ ဝှေ့ရမ်းနေတတ်သူတွေဟာ စိတ်မရှည်သူတွေဖြစ်တတ်ပါတယ်။


၁ - အုပ်စုလိုက်ထိုင်ပြီး စကားပြောတဲ့အခါ သင်ခြေချောင်းတွေက သင်နှစ်သက်တဲ့လူဆီ ဦးတည်နေတတ်ပါတယ်။

၂ - အခန်းတစ်ခန်းထဲမှာ သင်သဘောမကျတဲ့လူရှိရင် ဒီလူနဲ့ဆန့်ကျင်ဘက်ကို ခြေထောက်တွေက အမြဲဦးတည်ထားတတ်ပါတယ်။

၃ - စကားပြောမြန်ပြီး လက်ဟန်ခြေဟန်တွေ ဝှေ့ရမ်းနေတတ်သူတွေဟာ စိတ်မရှည်သူတွေဖြစ်တတ်ပါတယ်။

၎ - ပုခုံးကျုံ့သွားတာဟာ ဒီလူ စိတ်ဖီးနေတယ်ဆိုတာကို ညွှန်းဆိုပါတယ်။ ဒါ့အပြင် တစ်ခုခုကို အရှုံးပေးထားရပြီဆိုတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

၅ - လက်ဟန်ခြေဟန်မပါဘဲ တောင်းပန်တဲ့စကားပြောတာ၊ သက်ညှာဖို့စကားပြောတာ၊ ဝမ်းနည်းကြောင်း ပြောတာတွေဟာ စိတ်ထဲက မပါဘူးလို့ အများအားဖြင့် မှတ်ယူလို့ရပါတယ်။

၆ - သင်နဲ့မျက်လုံးချင်းမဆိုင်ရဲတာဟာ သင့်ကို ရှက်တာပါ။ သင့်ကို ရှိန်တာပါ။ ဒါပေမဲ့ မျက်လုံးချင်းဆုံတဲ့အခါ ခန္ဓာကိုယ်နောက်ကို ဆုတ်သွားတာ၊ မျက်တောင်ခပ်တဲ့ကြိမ်ရေများတာ၊ လက်တွေကတစ်နေရာရာကို ကုတ်တာတွေဟာ လိမ်နေတယ်ဆိုတဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။
Photos & Source: Prevention


မှ ကူးယူဖော်ပြပါသည်။

Saturday, May 21, 2016

အက်နေတဲ့ အိုးကလေး (ကလေးပုံပြင်) ဆရာမောရ
အက်နေတဲ့ အိုးကလေး
ဆရာမောရ
ကလေးတို့ရေ….
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်။
မြန်မာပြည် အလယ်ပိုင်းဒေသက ကျေးရွာလေးတစ်ရွာမှာ မောင်ပညာဆိုတဲ့ ရေထမ်းသမား လူငယ်လေးတစ်ဦး ရှိခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးလှတဲ့ သူတို့ရွာမှာ လိုအပ်နေတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနဲ့ စာသင်ကျောင်း တစ်ကျောင်းကို လူငယ်တွေရဲ့ အင်အားနဲ့ စုပေါင်း တည်ဆောက်နိုင် ခဲ့ကြတယ်။ ကျောင်းဆောက်လုပ် ပြီးစီးတဲ့ အခါမှာလည်း ဝေယျာဝစ္စအတွက် အလုပ်တာဝန်တွေကို ရွာလူငယ်လေးတွေကပဲ ကိုယ်စီ ခွဲဝေယူကြရတာပေါ့နော်။ “ကုသိုလ်ရေးမို့ မနှေးတက်ကြွ၊ ကလေး တွေရဲ့ ပညာရေးမို့ အားလုံး ၀ိုင်းဝန်း ကူညီကြရမယ်” လို့ ခံယူထားကြတဲ့ လူငယ်တွေ မဟုတ်လား။ ရေထမ်းသမား မောင်ပညာလေးဟာ ရွာအပြင်ဘက်က စမ်းချောင်းလေးထဲမှာ နေ့စဉ် နေ့တိုင်း ရေခပ် ထွက်ရသတဲ့။ ရွာဦးဘုန်းတော်ကြီး ကျောင်းနဲ့ စာသင်ကျောင်းအတွက် ရေဖြည့်ပေးတဲ့တာဝန်ကို ယူထားရသူပါ။


ကလေးတို့ရေ….
မောင်ပညာလေးဟာ ဆိုင်းထမ်းနဲ့ ရေအိုး ၂ လုံးကို သယ်ပိုးပါတယ်။ ရေအိုးတစ်လုံးကတော့ အနာအဆာမရှိ၊ မဖိတ်မစင်ဘဲနဲ့ ရေအပြည့် သယ်ယူပေးနိုင်ခဲ့တယ်။ ဒုတိယရေအိုးမှာတော့ အလယ်လောက်မှာ ကွဲအက်ရာလေး ရှိနေသတဲ့။ ရေထမ်းသယ်လာရတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ရေတွေဖိတ်စင်ကုန်တာပေါ့။

             အဲဒီအတွက်ကြောင့် ကျောင်းကို ရောက်တဲ့အခါမှာတော့ ဒုတိယရေအိုးထဲမှာ ရေ တစ်ဝက်သာ ရှိတော့တာပေါ့ကွယ်။ ၂ နှစ်လောက် ကြာတဲ့အထိကို ရေသယ်တိုင်း အိုး ၂ လုံးထမ်းရပေမယ့် တစ်အိုးနဲ့ တစ်ဝက်သာ သယ်ပေးနိုင်ခဲ့တယ်လေ။ ပထမ ရေအိုးကတော့ အပြစ်အနာအဆာ ကင်းပြီး ရေအပြည့် သယ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူဝင့်ကြွားလို့ နေပါတယ်။ သူက ဒုတိယ ရေအိုးကို အခုလိုပြောခဲ့ပါတယ်။
“ဟေ့.. ငါက မင်းထက်ပိုသာတယ်ကွ။ နေ့တိုင်းပဲ ရေအပြည့်သယ်ပေးနိုင်ပေမယ့် မင်းကတော့ တစ်ဝက်သာ လုပ်နိုင်တာ။”

             ဒုတိယ ရေအိုးလေးဟာ ဘာမှပြန်မပြောနိုင်ဘဲ စိတ်ဓါတ်ကျဆင်းလို့သာ နေရတာပေါ့ကွယ်။ ရှက်ရွံ့ အားငယ်စိတ်လည်း ဖြစ်နေမိသတဲ့။ ကလေးတို့မှာလည်း စိတ်ညစ်စရာတွေ ရှိသလားဟင်။

ကလေးတို့ရေ…
တစ်နေ့တော့ စမ်းချောင်းလေးနံဘေးမှာ မောင်ပညာဟာ ရေအိုး ၂ လုံးကို ချပြီး အမောဖြေထိုင်နေယင်း စမ်းချောင်း လေးရဲ့ ရေစီးသံနဲ့ သာယာလှပတဲ့ ပတ်ဝန်းကျင် ရှုခင်းတွေ ကြည့်ရှု ခံစားနေခဲ့ပါတယ်။ ကလေးတို့ကော စမ်းချောင်း လေးရဲ့ ရေစီးသံကို နားဆင်ဖူးကြရဲ့လား။ စမ်းချောင်းလေးတွေက ကလေးတို့ကို တစ်ခုခု ပြောပြချင်နေကြတယ်။ ကြုံတဲ့အခါမှာ နားထောင်ကြည့်ပါကွယ်။

               ခေတ္တအနားယူပြီးတဲ့နောက် မောင်ပညာလေးဟာ ရေဖြည့်တော့မယ်လို့ ပြင်ဆင်နေတုန်းမှာ ဒုတိယရေအိုးလေးက အခုလို တောင်းပန်စကား ပြောပြခဲ့သတဲ့။
“ကိုပညာ ခင်ဗျား… ကျနော် အများကြီးကို စိတ်မကောင်း ဖြစ်မိပါတယ်။ ရှက်လည်းရှက်တယ်။ အဲဒီအတွက် ကိုပညာကို တောင်းပန်ပါတယ်။ ကျနော့်ရဲ့ အားနည်းချက်ကို ခွင့်လွှတ်ပါခင်ဗျာ။”
“ဘာဖြစ်လို့လည်း ရေအိုးလေးရဲ့။ မင်းက ဘာတွေ စိတ်ညစ်နေရတာလဲကွာ။ ကျနော့်ကို ပြောပြစမ်းပါဦး။”
မောင်ပညာက ပြန်မေးတဲ့အခါမှာ ဒုတိယရေအိုးလေးက ၀မ်းနည်းပက်လက်နဲ့ အခုလို ပြန်ဖြေပါသတဲ့။
“ပြီးခဲ့တဲ့ ၂ နှစ်လုံးမှာ ရွာဦးကျောင်းနဲ့ စာသင်ကျောင်းအတွက်ကို ကျနော်က နေ့စဉ် ရေတစ်ဝက်သာ သယ်ပေးနိုင် လို့ပါ။ ကျနော်မှာက ကွဲအက်နေတဲ့ အားနည်းချက်ရှိလေတော့ အပြည့် မသယ်ပေးနိုင်လို့ပါဗျာ။ ကိုပညာလည်း အင်နဲ့အားနဲ့ ကြိုစားသယ်ပိုးပေမယ့် ကြိုးစားသလောက် အပြည့်မရဘူး မဟုတ်လား။”
အဲဒီလို ကြားလိုက်ရတော့ မောင်ပညာဟာ ရေအိုးလေးရဲ့ ခံစားချက်ကို စာနာသနားမိပါသတဲ့။ ကလေးတို့ကော စိတ်ညစ်တဲ့အခါမှာ ဘယ်သူတွေကို ပြန်ပြောပြ ဖြစ်သလဲဟင်။ အင်းပေါ့.. နားလည်တတ်တဲ့ သူငယ်ချင်းတွေနဲ့ မိဘတွေ၊ ဆရာဆရာမတွေ ဖွင့်ပြောပြရမှာပေါ့ကွယ်။

                  မောင်ပညာက ရေအိုးလေးကို ကြင်ကြင်နာနာနဲ့ စကားတစ်ခွန်း ပြန်ပြောပြခဲ့ပါတယ်။
“ကဲ.. ရေအိုးလေးရေ…အချိန်လင့်တော့မယ်။ တို့တွေ အခု ရွာကျောင်းတွေဆီကို ပြန်ကြတဲ့အခါမှာ ရွာလမ်း တစ်လျှောက်မှာ ဖူးပွင့်ဝေဆာနေတဲ့ ပန်းလှလှလေးတွေကို ကြည့်သွားကြရအောင်နော်။”

ကလေးတို့ရေ…
အမှန်ပါပဲ။ စမ်းချောင်းနံဘေးကနေ ရွာထဲဖက်ကို ၀င်လာတဲ့လမ်းတစ်လျှောက်လုံးမှာ သိပ်လှတဲ့ အရောင်စုံ ပန်းမျိုးစုံဟာ ဖူးပွင့်ဝေဆာနေကြလိုက်တာ။ ကလေးငယ်တွေ၊ မိန်းမပျိုလေးတွေနဲ့ ရွာသူရွာသားတွေဟာလည်း ပန်းအလှတွေကို ကြည့်ရှုခံစားနေသူတွေ၊ ဘုရားမှာ ကပ်ဖို့၊ စာသင်ကျောင်းအလှဆင်ဖို့နဲ့ ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့ ခူးယူနေကြသူတွေနဲ့ ရွာလုံးကျွတ်ကို ပျော်ရွှင်နေကြတယ်။ သနပ်ခါးဘဲကြားလိမ်းထားတဲ့ မိန်းမပျိုလေးတွေဟာလည်း ပန်းရောင်စုံပန်လို့ ဆည်းဆာချိန်မှာ အလှကြွယ်နေပြန်တယ်။

       မောင်ပညာနဲ့ ရေအိုးလေး ၂ လုံးတို့လည်းပဲ ရွာသူရွာသားတွေနဲ့အတူ ပန်းအလှတွေကို ခံစားရင်း ကြည်နူးပျော်ရွှင် ကြသတဲ့။ စိတ်ညစ်နေတဲ့ ရေအိုးလေးလည်း သူ့အဖြစ်ကို ခဏလောက် မေ့ပျောက်ပြီး ပျော်ရွှင်နေတာပေါ့။ ကလေးတို့ကော ပန်းလေးတွေကို ချစ်တယ်မို့လား။ လမ်းဆုံးလို့ ရွာကျောင်းတွေဆီကို ရောက်ပြန်တော့ ရေက ဖိတ်စင်ခဲ့ရတာနဲ့ တစ်ဝက်ပဲ ကျန်တော့တာမို့ စိတ်ညစ်ရပြီ။ ဒါနဲ့ ရေအိုးလေးဟာ မောင်ပညာကို ထပ်ပြီး တောင်းပန်စကား ဆိုပြန်တယ်။ မောင်ပညာက အခုလို ရှင်းပြခဲ့တယ်တဲ့။

       “ဒီမယ်ရေအိုးလေးရဲ့… စောစောက ရွာလယ်လမ်းပေါ်မှာ ပန်းမျိုးစုံတွေကြား ပျော်ရွှင်နေကြတဲ့ ရွာသူရွာသားတွေကို အသင် တွေ့တယ်မဟုတ်လား။ တို့လည်း ပျော်ကြရတယ်နော်။ လမ်းနံဘေးက ပန်းပင်လေးတွေ၊ ပန်းပွင့်လေးတွေ ကြောင့်ပါ။ မင်းရဲ့ အိုးမှာ အက်နေတဲ့ဟာလေး ရှိတာကို ကျနော် အစကတည်းက သိခဲ့ပါတယ်ကွာ။ အဲဒီအတွက် ကျနော်စိတ်ကူးရပြီး အသုံးချလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ နှစ် တို့အလုပ် စတင်ကတည်းကပေါ့။ ရေသယ်လာရတဲ့ ရွာလမ်းတစ်လျှောက် မင်းရှိနေတဲ့ဖက်တွေမှာ ပန်းမျိုးစေ့လေးတွေကို ပျိုးကြဲထားခဲ့တယ်။ တို့တွေ နေ့တိုင်း ရေခပ်ချိန် စမ်းချောင်းလေးဆီက ရွာအပြန်လမ်းမှာ မင်းက ရေလောင်းပေးပြန်တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာ ပန်းတွေ ဖူးပွင့်ဝေဆာလာတာ အခုဆိုရင် ၂ နှစ်တောင်ရှိပြီပဲ။ ရွာသူရွာသားတွေဟာ ပန်းအလှတွေကြောင့် စိတ်ချမ်းမြေ့ ကြတယ်။ အိမ်မှာ၊ ရွာဦးဘုရားမှာ ပန်းပူဇော်ရင်း ကုသိုလ်ယူကြတယ်။ ရွာသားလုလင်ငယ်တွေက ရွာသူလုံမပျိုတွေကို ကေသာထက်မှာ ပန်ဆင်ဖို့ ပန်းလက်ဆောင်ပေးကြတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှာ အလှဆင်ဖို့၊ ဆရာဆရာမတွေကို လက်ဆောင်ပေးဖို့နဲ့ စာသင်ခန်းတွင်း၊ စားပွဲပေါ်တင်ဖို့ ပန်းတွေခူးကြတယ်။ တကယ်လို့ ရေအိုးလေးသာ ပုံမှန်အတိုင်း ရေအပြည့် သယ်ယူနိုင်ခဲ့မယ်ဆိုရင် အခုလို ရွာကို အလှဆင်ဖို့ ဘယ်လွယ်လိမ့်မလဲ။ မင်းရဲ့ ကျေးဇူးကြောင့် အားလုံး ပျော်ရွှင်ခွင့်ရကြတာပါကွာ။”

       မောင်ပညာက အခုလို အကျယ်တ၀င့် ရှင်းပြလိုက်တဲ့ အခါမှာတော့ ရေအိုးလေးဟာ အလွန်မှကိုပဲ ကျေနပ်စွာနဲ့ သဘောပေါက် လိုက်တော့တယ်။ ခရီးလမ်းဆုံးအထိ ရေအပြည့်မသယ်နိုင်ခဲ့ပေမယ့် သူ့မှာလည်း ဂုဏ်ယူစရာ ရှိနေပြီ မဟုတ်လား။ ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်။
ကလေးတို့လည်း မျှော်လင့်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ စိတ်မညစ်ကြပါနဲ့နော်။ အားနည်းချက် ဆိုတာ လူတိုင်းမှာ ရှိစမြဲပါကွယ်။ ဒါပေမယ့် လူတိုင်းမှာ လုပ်နိုင်တာတွေ၊ လုပ်တတ်တာတွေ ကိုယ်စီ ရှိနေပြန်ပါတယ်။ မိမိနဲ့ အခြားသူတွေအတွက် ပျော်စရာကောင်းပြီး အကျိုးရှိမယ့် အလုပ်တွေ လုပ်စရာ အများကြီးရှိနေပါတယ်။
အတ္တဟိတလို့ခေါ်တဲ့ မိမိရဲ့ အကျိုးနဲ့ ပရဟိတလို့ခေါ်တဲ့ အများအကျိုးကို မျှမျှတတ သယ်ပိုးနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကလေးတို့ရဲ့
တောအစပ်တစ်နေရာက
ဆရာမောရ

Friday, May 20, 2016

ဆရာ မင်းလူ စာစုများ

"အငှားဘောလ်ပင်" (မင်းလူ)
====================

စာရေးနေချိန် အိမ်အောက်ကနေ ကျွန်တော့်နာမည်ကို တကြော်ကြော်ခေါ်နေသံ ကြားရသဖြင့် ပြတင်းပေါက်မှ ထွက်ကြည့်လိုက်တော့ နန်းကြင်ကိုတွေ့လိုက်ရသည်။ သူက...

    "ဘာလုပ်နေတာလဲကွ" မေးသည်။ ကျွန်တော်က

    "စာရေးနေတာ"

    "သြော် .. အေး အေး ရေးလေကွာ၊ ပြီးမှ ဆင်းလာခဲ့ ငါလက်ဖက်ရည်ဆိုင်က စောင့်နေမယ်"

    ကဲ ဒီကောင်လုပ်ပုံကြည့်ဦး၊ သူ့မျက်နှာကြီး မြင်ပြီးမှတော့ ဘယ်လိုလုပ် စာဆက်ရေးလို့ရတော့မှာလဲ။ ထို့ကြောင့် သူရှိရာ လက်ဖက်ရည်ဆိုင်သို့ ဆင်းလာခဲ့ရ၏။

    "စာရေးနေတာဆို ဘာဖြစ်လို့ ချက်ချင်းဆင်းလာရတာလဲ၊ ရပါတယ်ကွ၊ ငါစောင့်မှာပါ"

    သူကဆီးပြောသဖြင့်...

    "စာရေးတယ်ဆိုတာ စိတ်ဖြောင့်ဖြောင့်ရေးမှ ဖြစ်တာကွ၊ မင်းကပြီးရင် ဆင်းခဲ့စောင့်နေမယ်ဆိုတော့ ဘယ်ရေးလို့ရတော့မလဲ စာရေးတာကွ၊ အိမ်သာတက်တာမဟုတ်ဘူး" သူကရယ်ပြီး...

    "ကဲပါကွာ၊ မင်းငါနဲ့တွေ့တာ အလဟဿ မဖြစ်စေရပါဘူး၊ စာရေးလို့ကောင်းတဲ့ အကြောင်းကလေးတွေ ပြောပြပါ့မယ်"

    "ဗီစီဒီကားတွေ မပြောနဲ့နော်"

    သူကဗွီဒီယိုကြည့်တာ အလွန်ဝါသနာပါသူဖြစ်၏။ သူကြည့်ဖူးသမျှ နိုင်ငံခြားကားတွေအကြောင်းကိုလည်း လုံးစေ့ပတ်စေ့ ပြန်ပြောတတ်သည်။ ထို့ကြောင့် ကျွန်တော်ကဟန့်လိုက်ခြင်းဖြစ်၏။

    "အေးပါ...ဗွီဒီယိုအကြောင်းမဟုတ်ပါဘူး၊ ငါကားမောင်းရင်းကြုံတဲ့ကိစ္စပြောမလို့ပါ"

    " ဒါကရိုးနေပါပြီကွာ၊ သော့ကိုကားထဲမှာထားခဲ့ပြီး လော့(က်)ချမိတာတို့၊ ပိုက်ဆံအိတ်ခါးကြားထိုးထားတာကိုမေ့ပြီး ခရီးသည်ကို သူခိုးစွပ်စွဲပြီးမှ ပြန်တောင်းပန်ရတာတို့၊ ဒါတွေပဲမဟုတ်လား"

    "မဟုတ်ပါဘူးကွာ၊ ခုဟာကတစ်မျိုးပါ"

    သူ့မှာ တက္ကစီကားတစ်စီးရှိ၏။ သူကိုယ်တိုင် မောင်းလေ့ရှိပြီးတစ်ခါတစ်လေ သူနားချင်တဲ့ အခါကျလျှင် တခြားဒရိုင်ဘာတစ်ယောက်ကို အငှားချပြီး အုံနာခယူတတ်သည်။

    သူကလူလည်ကျသော ခရီးသည်တစ်ယောက်အကြောင်းပြောပြသည်။

    "အဲဒီလူကြီးက ငါတို့ဂိတ်ထိုးတဲ့ နေရာကိုလာပြီး ကားငှားတတ်တယ်၊ သူ့အလုပ်ကငွေတိုးချေးတာတို့၊ အပေါင်ခံတာတို့ပေါ့ကွာ၊ သူကကားငှားရင် အင်မတန်ဈေးဆစ်တတ်တယ်ကွ၊ ကပ်လဲကပ်သတ်တယ်၊ တစ်ခါတစ်လေ နှစ်ဆယ်အစိတ်လောက်တောင် ကုပ်ကပ်ဆစ်တတ်တာ၊ ဒါကြောင့် သူလာငှားရင် တခြားလူတွေက မလိုက်ချင်ကြဘူး"

    နန်းကြင်ကတော့ တစ်ရပ်ကွက်တည်းနေသူ ဖြစ်နေသဖြင့် မျက်နှာနာပြီး လိုက်ရလေ့ရှိ၏။

    တစ်ရက်မှာ ဒီလူကြီးရောက်လာပြီး "မင်္ဂလာဈေးကိုသွားချင်တယ် ဘယ်လောက်လဲ"ဟုမေးသည်။ နန်းကြင်က ပုံမှန်တောင်းနေကျ အတိုင်းပင် တစ်ထောင်တောင်းတော့...

    "ဟာ များလိုက်တာ၊ အဲ ဒီလိုလုပ်ကွာ၊ အသွားအပြန်ငှားရင် ဘယ်လောက်ပေးရမလဲ"

    "အသွားအပြန်ဆိုရင်တော့ ထောင့်ရှစ်ရာပဲ ပေးပါ"

    "ဟာကွာ ထောင့်ငါးရာပဲ ထားပါ"

    နန်းကြင်က ထောင့်ခြောက်ရာ တောင်းကြည့်သေးသည်။

    "ငါကအကြွေးသွားတောင်းမှာကွ ရမယ်မရဘူး မသေချာသေးဘူး၊ မရရင် ကားခရှုံးဦးမှာ"

    သူမရှုံးအောင်နန်းကြင်ကပဲ လျှော့ပေးစေလိုသည့် သဘော၊ နန်းကြင်လည်း ကိုယ့်ကားကိုယ်မောင်းသူဆိုတော့ ဈေးဦးပေါက်လိုက်သွားတာပိုကောင်းပါတယ်၊ ရသလောက်ပေါ့ဟု တွက်ပြီး လက်ခံလိုက်သည်။

    "ခုမှသတိရတယ်၊ ငါက တခြားကိစ္စတစ်ခုရှိသေးတယ်၊ ကြာမယ်ထင်တယ်ကွ၊ ဒါကြောင့် ငါပြန်မလိုက်တော့ဘူး"ဟုပြောပြီး ကားခ ခုနှစ်ရာ့ငါးဆယ်ပေးပြီး ဆင်းသွား၏။

    "သူ့လုပ်ပေါက်ကို ကြည့်ဦးကွာ၊ အသွားအပြန်စီးမယ်ဆိုလို့ ငါက ထောင့်ငါးရာတည်းနဲ့လိုက်လာတာ၊ ဟိုရောက်မှ ပြန်မလိုက်တော့ဘူးဆိုပြီး ကားခကိုတစ်ခြမ်းအတွက် နှစ်နဲ့စားပြီး ခုနှစ်ရာ့ငါးဆယ်ပဲ ပေးသွားတယ်၊ သက်သက်လူလည်ကျတာကွ"

    " မင်းခံလိုက်ရတာပေါ့၊ ကောင်းတယ်၊ ကိုယ့်ကားကိုယ်မောင်းနေရက်သားနဲ့ အုံနာခကနင့်နေအောင်ပေးရတပါ၊ ဘာညာနဲ့ ပတ်ချွဲနပ်ချွဲလုပ်တတ်တဲ့ကောင်၊ ထိပြီမဟုတ်လား"

    "ဒီလောက်နဲ့ မပြီးသေးဘူးကွ"

    နန်းကြင်လည်း မင်္ဂလာဈေးရောက်နေမှတော့ မထူးဘူး၊ အော်ဒါလေးဘာလေးရလိုရငြားဆိုပြီး ဈေးရှေ့မှာ ကားရပ်စောင့်နေလိုက်သည်။ ခရီးသည်က ပါးနေတဲ့အပြင် တခြားကားတွေလည်း ရှိနေသဖြင့် နာရီဝက်လောက်ကြာတဲ့အထိ လူမရဘဲဖြစ်နေ၏။

    "ဒါနဲ့ငါလည်းပျင်းလာတော့ ဂိတ်ကိုပဲ ပြန်တော့မယ်၊ လမ်းမှာ လူရလည်း တင်မယ်ဆိုပြီး ကားပြန်အထွက်မှာ ဟိုလူကြီးဈေးထဲက သုတ်သီးသုတ်ပျာထွက်လာပြီး လှမ်းတားတယ်ကွ၊ မင်းဘယ်သွားမှာလဲမေးတော့ ငါကလည်း ဂိတ်ကိုပြန်မယ် ပြောတာပေါ့၊ အတော်ပဲကွာ၊ ငါလည်းပြန်လိုက်မယ်ပြောပြီး ကားပေါ်တက်လိုက်တယ်၊ ဂိတ်ကိုလည်းပြန်ရောက်ရော ပုဂ္ဂိုလ်ကြီးကကျေးဇူးပဲကွာဆိုပြီး ကားပေါ်ကဆင်းမယ်အလုပ်မှာ ငါက ဦးလေး အပြန်အတွက် ကားခပေးဦးလေလို့ သတိပေးတော့ ဘာပြောတယ်မှတ်သလဲ၊ "မင်း ဂိတ်ကို ပြန်မယ်ဆိုလို့ ငါက လမ်းကြုံလိုက်လာတာပဲကွ၊ မင်းကားကို ငှားစီးတာမှမဟုတ်ပဲ"လို့ပြောပြီး တစ်ပြားမှမပေးပဲလစ်သွားရောဟေ့"

    " ဟားဟား ရယ်ရသားပဲ"

    "အဲဒါပြောပြချင်လို့ မင်းဆီဝင်လာတာ၊ သွားဦးမယ်ကွာ"

    "မင်းကဘယ်သွားမှာလဲ"

    "အိမ်ပြန်ပြီး ခဏနားဦးမယ်၊ ဘာလဲ မင်းကကော လမ်းကြုံလိုက်ချင်လို့လား၊ လိုက်ခဲ့လေကွာ၊ အိမ်မှာအခွေကောင်းကောင်းရှိတယ်ကွ၊ ကြည့်မလား"

    "မကြည့်နိုင်သေးပါဘူးကွာ၊ နက်ဖြန်မနက် ဂျာနယ်တစ်စောင်  အတွက် စာမူပေးစရာရှိတယ်၊ ရေးလို့ရသလောက် ရေးကြည့်လိုက်ဦးမယ်"

    "မင်းကလဲကွာ၊ နားနားနေနေ အခွေလေး ဘာလေးကြည့်ဖို့တောင် အချိန်မပေးနိုင်ဘူးလား"

    "ငါကမင်းလိုနေလို့ မရဘူးလေ၊ မင်းကအနားယူချင်လို့ရှိရင် မင်းကားကို သူများပေးမောင်းပြီး အုံနာခယူလို့ ရသေးတယ်၊ ငါတို့စာရေးဆရာဆိုတာက ကိုယ့်ဘောလ်ပင်ကို သူများကို ငှားစားလို့ ရတာမဟုတ်ဘူး၊ ကိုယ်တိုင်ရေးမှရတာ"

    သူကခေါင်းတညိတ်ညိတ် နားထောင်နေရာမှ ကျွန်တော့်ကို ပြုံးစေ့စေ့လုပ်၍ ကြည့်လိုက်ပြီး..

    "အိမ်က မိန်းမလိုပေါ့ကွာ၊ နော"

    ဟုပြောပြီး ဆိုင်ထဲက ပြေးထွက်သွားသည်။ ကျွန်တော်လှမ်းဆဲဖို့တောင် အချိန်မရလိုက်။

--------------------------------------------

မင်းလူ
ရွှေမြင်သာဂျာနယ်
၂၂၊၁၀၊၂၀၀၂။

ဆရာ မင်းလူ စာစုများ

"ပရိသတ်အဖြစ်" (မင်းလူ)
===============

    ကျွန်တော်သည် စာရေးဆရာတစ်ယောက်ဆိုသော်လည်း စာပေနယ်မှ အပမှာတော့ ပရိသတ်တစ်ဦးမျှသာဖြစ်၏။ စာပေနယ်မှာပင်လျှင် ကိုယ်ရေးသည့်စာနှင့်ပတ်သက်လို့တော့ စာရေးဆရာ။ တခြားသူများရေးသောစာတွေကိုဖတ်တော့ စာဖတ်ပရိသတ်ပင်ဖြစ်နေပြန်၏။

    စာဖတ်ခြင်းသည် ကရိကထ သိပ်မများလှ။ စာအုပ်တစ်အုပ်နှင့်အလင်းရောင်ရှိလျှင် ပြည့်စုံသည်။ နေ့အလင်းရောင်နှင့်ဖတ်လို့ရသည်။ လျှပ်စစ်မီးမရှိလျှင်တောင် မီးခွက်၊ ဖယောင်းတိုင်ထွန်းပြီး ဖတ်လို့ ရသည်။ စာဖတ်ဖို့နေရာကိုလည်း တခမ်းတနားပြင်ဆင်စရာမလို။ အိပ်ရာထဲမှာလှဲရင်း၊ ကုလားထိုင်မှာထိုင်ရင်း၊ သစ်ပင်ရိပ်မှာနေရင်း၊ ရထားစီးရင်း၊ ကားစီးရင်း ဖတ်လို့ရသည်။ ယုတ်စွအဆုံး အိမ်သာတက်ရင်းပင် ဖတ်လို့ရသည်။

    ဖတ်နေရင်းက မျက်စိညောင်းလာလို့ဖြစ်စေ၊ ဧည့်သည်လာလို့ဖြစ်စေ အကြောင်းကိစ္စတစ်ခုခု ပေါ်လာလို့ဖြစ်စေ စာအုပ်ကို ခဏချထားလို့ရသည်။ တစ်ခုခုမရှင်းတာရှိလျှင် ရှေ့ပိုင်းစာမျက်နှာကို ပြန်လှန် ဖတ်ကြည့်လို့ရသည်။

    စာဖတ်ပရိသတ်တစ်ယောက်အဖို့ လုံးဝအာမခံချက်ရှိသောကိစ္စကား ဇာတ်လမ်းအစအဆုံး ကိုယ့်လက်ထဲမှာ ရှိနေခြင်းပင်ဖြစ်၏။ ထိုအချက်ကို အခွင့်ကောင်းယူ၍ စာတစ်မျက်နှာကျော်ဖတ်ခြင်း၊ ဇာတ်သိမ်းခန်းကို အရင်လှန်ကြည့်ခြင်းတို့တော့ မလုပ်ကောင်းချေ။

    စာရေးဆရာတစ်ယောက်သည် စကားလုံးတစ်လုံးကို စဉ်းစားရင်း တစ်နေကုန်ချင်ကုန်သည်။ စာကြောင်းတစ်ကြောင်းအတွက် နှစ်ရက်၊ သုံးရက် အချိန်ယူချင်ယူသည်။ စာမျက်နှာပြီးဖို့ တစ်ပတ်ကြာချင်လည်း ကြာတတ်သည်။ စာဖတ်သူအဖို့တော့ စာတစ်ရွက်လှန်ရခြင်းသည် ဖျတ်ခနဲ အသံမြည်ရုံလောက်သာကြာသည်။ ထို့ကြောင့် စာမျက်နှာကျော်ဖတ်ခြင်းသည် စာရေးသူ၏အားထုတ်မှုကို အသိအမှတ်မပြုရာရောက်သည်ဟု ထင်၏။ အကယ်၍ ကျော်လွှားသွားချင်လောက်အောင် အရေးအသား ညံ့ဖျင်းနေလျှင် စာရွက်တွေ လှန်ပစ်မည့်အစား စာအုပ်ကိုပိတ်ပြီး ဆက်မဖတ်ဘဲနေလိုက်ခြင်းက စာရေးသူကို ဂုဏ်ပြုရာရောက်ပေသေး၏။

    ဘာပဲဖြစ်ဖြစ် ဇာတ်သိမ်းခန်းသည် မိမိညာလက်ချောင်းနှင့် ဓာတ်ပြားတစ်ချပ်သာခြား၍ ရှိနေပါလျက် မသိချင်ယောင် ဆောင်ပြီး ရှေ့ဘာဆက်ဖြစ်မလဲဟု သို့လော သို့လော ဖတ်ရှုရခြင်းသည် စာဖတ်ပရိသတ်အဖို့ အရသာအရှိဆုံးပင်ဖြစ်တော့သည်။



                                                                                               * * * * *



    ရုပ်ရှင်ကြည့်ပရိသတ်ကျတော့ ရုံထဲဝင်လိုက်ပြီဆိုသည်နှင့်မိမိ၏မျက်လုံးများကို ပိတ်ကားထံ ၀ကွက်အပ်နှံလိုက်ရသည်။ ရုပ်ရှင်ဇာတ်ကားကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ပွဲပြီးအောင်တော့ ကြည့်ရှုပေတော့မည်။ မပြီးခင် ရုံပြင်ထွက်သူ အလွန်ရှားသည်။ ဇာတ်ကားက အလွန်ညံ့နေလျှင်ပင် အောင့်အည်းသည်းခံ၍ ပြီးဆုံးအောင်ကြည့်ကြရလေသည်။

    ရုပ်ရှင်ကြည့်ရာတွင် ကိုယ်ကြိုက်သည့်နေရာ၊ ကိုယ်ကြိုက်သည့်အချိန်မှာ ကြည့်လို့ရသည်မဟုတ်။ ရုပ်ရှင်ရုံကိုသွားရမည်။ ပွဲပြသသည့်အချိန်မှာ ကြည့်ရမည်။ ကိုယ်တစ်ယောက်တည်းကြည့်ချင်လို့လည်းမရ။ ရာနှင့်ထောင်နှင့်ချီပြီးရှိမည့် တခြားသူများနှင့်အတူ ရော၍ကြည့်ရမည်။

    ထူးခြားတာက ဒီလောက်များပြားသောလူများသည် တစ်ယောက်ကိုတစ်ယောက် လုံးဝဂရုမစိုက် ကြဘဲ ပိတ်ကားပေါ်က အရုပ်များကိုသာ အာရုံစိုက်နေကြခြင်းပင်ဖြစ်၏။ အချို့အခန်းတွေဆို စိတ်ဝင်စား လွန်းသဖြင့် အရုပ်ကြီးတွေလို ငြိမ်သက်လျက် အသံတစ်စက်မှမထွက်ဘဲ ငေးစိုက်နေကြသည်။ ဒီလောက် လူပရိသတ်ကို တခြားနေရာမှသာဆိုလျှင် တိတ်တိတ်နေဖို့ ထိန်းသိမ်းရန်မလွယ်ချေ။ တစ်ခါတလေ  အိမ်ကြီး တစ်အိမ်ထဲမှာ မင်းသမီးတစ်ယောက်တည်းရှိနေပြီး အားငယ်စိုးရွံ့နေရသည့်အခန်းမျိုး ကြည့်ရသောအခါ ဘေးမှာရှိနေသည့်လူတွေကိုတောင်မေ့နေပြီး ကိုယ်တစ်ယောက်တည်းဖြစ်နေသလို ချောက်ချောက်ချားချား ခံစားရသည်။

    ရုပ်ရှင်ကြည့်ပရိသတ်အနေဖြင့် အခွင့်အရေးတစ်ခုကိုတော့ ဘယ်သောအခါမှာမှ ရနိုင်လိမ့်မည် မဟုတ်။ ထိုအချက်ကား ပြသနေသောဇာတ်လမ်းကိုမကြိုက်သဖြင့် ပြုပြင်ပြောင်းလဲပေးရန် ကန့်ကွက် တောင်းဆိုပိုင်ခွင့်မရှိခြင်းပင်ဖြစ်၏။



                                                                                               * * * * *



    ဇာတ်ပွဲကြည့်ပရိသတ်များကတော့တစ်မျိုးတစ်ဘာသာဖြစ်၏။ ဇာတ်ပွဲကြည့်ရသည်မှာ ပွဲချိန် ရှည်လျားသည်။ တစ်ညလုံးကြည့်ကြရသည်။ သို့ရာတွင် လွတ်လပ်မှုတော့ရှိ၏။

    ပွဲခင်းကိုဝင်ချင်သည့်အချိန်ဝင်၊ ထွက်ချင်သည့်အချိန်ထွက်နိုင်သည်။ ရှေ့ပိုင်းအချိန်များတွင် ပွဲဈေးတန်းထွက် လျှောက်နေပြီး ပြဇာတ်ကျမှ ၀င်ကြည့်လို့လည်းရသည်။ ၀န်ကြီးတွေထွက်နေချိန်မှာ ပျင်းရိ ငြီးငွေ့လာလျှင် လှဲအိပ်နေလို့ရသည်။ ထို့အတွက် ကပြသူများက ငြိုငြင်လိမ့်မည်မဟုတ်ချေ။ ပွဲခင်းထဲမှ ဆိုင်းသံလေးနဲ့အိပ်ရတာ သိပ်ဇိမ်ရှိတယ်ဆိုပြီး တကူးတက သွားအိပ်တတ်သူမျိုးပင်ရှိ၏။

    နှစ်ပါးခွင်ထွက်လာတော့မှ ငေါက်ခနဲထထိုင် မင်းသား၊ မင်းသမီးအကကောင်းလျှင် လက်ခုပ်တီး။ လူပြက်တွေပြက်တာသဘောကျပြီး တ၀ါးဝါး တဟားဟားရယ်ရင်း အိပ်ချင်ပြေရပြန်သည်။

    စာအုပ်တို့၊ ရုပ်ရှင်တို့ဆိုသည်က တစ်ခါရိုက်နှိပ်ထုတ်လုပ်ထားပြီးလျှင် ပြီးသည်။ အရာရာသည် မူလအတိုင်း အစဉ်အမြဲပုံသေရှိနေသည်။ ဇာတ်သဘင်မှာကျတော့ ဇာတ်လမ်းဇာတ်ကွက် ဇာတ်ဝင်သီချင်း စသည်တို့မှာ ပုံသေဖြစ်သော်လည်း နေ့စဉ် လူကိုယ်တိုင်ထပ်တလဲလဲကပြရခြင်းဖြစ်၏။ ထို့ကြောင့် မင်းသား နေမကောင်းသည့်နေ့နှင့်လည်း ကြုံနိုင်သည်။ မင်းသမီးအသံဝင်သည့်အခါနှင့်လည်း တွေ့နိုင်သည်။ စင်ပေါ် ရောက်မှ တစ်စုံတစ်ခုမှားသွားလျှင် ပြန်ပြင်လို့မရ။

    တစ်ခုတော့ရှိ၏။ စင်ပေါ်မှာ မင်းသား၊ မင်းသမီးငိုချင်းချနေသည်ကိုကြည့်ပြီး ပရိသတ်မှာ မျက်ရည် မဆည်နိုင်ဖြစ်ရသည်။ ကပြနေသူတွေအဖို့တော့ ညစဉ်ညတိုင်း ငိုချင်းချနေရ၍ ရိုးနေပြီ။ မျက်ရည်တစ်စက်တောင် စို့ထွက်ခြင်းမရှိကြောင်းကိုတော့ ပရိသတ်က မသိရှာချေ။



                                                                                               * * * * *



    နတ်ကန္နားပွဲကြည့်သည့်ပရိသတ်သည် တစ်မူထူးခြား၏။ တကယ်တော့ နတ်များသည် အနုပညာရှင်များမဟုတ်ကြချေ။

    အကယ်၍ ဟုတ်ခဲ့လျှင် သူတို့သည် ခုခေတ်စကားနှင့်ပြောရလျှင် 'ရှဲဒိုး'များသာဖြစ်ကြ၏။ သူတို့ကိုယ်စား လူများက ကပြပေးရသောကြောင့်ပင်။

    ဘာပဲဖြစ်ဖြစ် ဆိုင်းသံ၊ ဗုံသံတွေထဲတွင် နတ်ဆိုင်း၊ နတ်ဒိုးသည် လူတို့ကို စိတ်လှုပ်ရှား အတက်ကြွဆုံးဖြစ်စေတာတော့ အမှန်ပဲဖြစ်၏။

    ဤသို့ဖြစ်ရသည်မှာ စည်းချက်၏ ထူးခြားမှုကြောင့်ဖြစ်၏။ နတ်ဒိုး၏စည်းချက်မှာ လူ့နှလုံးခုန်သံ စည်းချက်နှင့်တူသည်။ နတ်ဒိုးသံကိုနားထောင်ရင်း နှလုံးစည်းချက်နှင့် ဆိုင်းသံစည်းချက်တို့ တစ်ထပ်တည်း ကျသောအခါ စိတ်လှုပ်ရှားလာရသည်။

    ဆိုင်း၏စည်းချက်က တဖြည်းဖြည်းမြှင့် တဖြည်းဖြည်းမြန်လာရာမှ ရုတ်တရက် အမြင့်ဆုံးသို့ ခုန်တက်လိုက်သောအခါ စည်းချက်နှင့်ညီနေပြီဖြစ်သော နှလုံးခုန်နှုန်းကလည်း အမြင့်ဆုံးသို့ လိုက်တက်ရ၏။ ထိုအခိုက နတ်ဝင်ပူးသည့်အချိန်ပင်ဖြစ်၏။

    နတ်ကန္နားပွဲကြည့်သည့်ပရိသတ်အဖို့ သူများနှင့်မတူဘဲ အထူးအခွင့်အရေးတစ်ခု ရနိုင်သည်။ နတ်ဒိုးသံကြောင့် စိတ်ကြွလာသောအခါ ကိုယ်တိုင်ဝင်ကလို့ရခြင်းပင်ဖြစ်လေသည်။



                                                                                               * * * * *



    ပရိသတ်ဆိုသည်မှာ အနုပညာနှင့်ပတ်သက်သောကိစ္စတွေမှာသာ ရှိသည်မဟုတ်။ တခြားနယ်ပယ် တွေမှာလည်းရှိသည်။

    ဥပမာ - အားကစားပွဲများ။

    လက်ဝှေ့ကြည့်သောပရိသတ်များမှာ နူးညံ့သိမ်မွေ့သူများမဟုတ်ကြ။ ဒါကို အပြစ်ပြောလို့မရချေ။

    ထိုးတာ ကြိတ်တာကြည့်ချင်လို့ လက်ဝှေ့ပွဲလာခြင်းဖြစ်၏။ လက်ဝှေ့ပွဲဆိုသည်မှာ နှစ်ပါးသွား မဟုတ်။ တကယ်ထိအောင်ထိုးမှ ကြိုက်သည်။ ကွဲလျှင်၊ သွေးထွက်လျှင် ပိုကြိုက်သည်။ အလဲထိုးနိုင်လျှင်ကား သြဘာသံ မဆုံးတော့။ လက်ဝှေ့ပွဲဆိုပြီး တို့ကနန်း ဆိတ်ကနန်းလုပ်နေလျှင်၊ မထိအောင် ရှောင်ထိုးနေလျှင် ပရိသတ်က အော်ဟစ်လှောင်ပြောင်ကြလိမ့်မည်။ လုပ်ပွဲကြီးဆိုပြီး ဆူကြလိမ့်မည်။ လက်ဝှေ့ပွဲမှာ သရေပွဲဟူ၍မရှိစကောင်းချေ။

    ဘောလုံးပွဲကျတော့ ရသစုံသည်။ လှလှပပကစားကွက်ကလေးတွေ့လျှင် ကျေနပ်အားရဖြစ်၏။ ဂိုးသွင်းလိုက်ရာ ဂိုးပြီထင်ပြီးမှ တိုင်ထိပြီးပြန်ထွက်လျှင် ဟာခနဲ ရင်သပ်ရှုမောဖြစ်ရသည်။ ဘေးထွက် သွားလျှင် ဒေါသဖြစ်ရသည်။ လူကျွံနေလျှင် ဘောသူခိုးဆိုပြီး အော်ဟစ်လှောင်ပြောင်မည်။ ဒိုင်လူကြီး အဆုံးအဖြတ်မှားလျှင် ၀ိုင်းဆဲမည်။ စည်းကြပ်ဒိုင်အလံထောင်တာမှားလျှင် ပြောင်းဖူးရိုးနှင့်ပေါက်မည်။

    တစ်ခုတော့ရှိ၏။ ၀တ္ထုတို့၊ ရုပ်ရှင်တို့မှာ ပရိသတ်က ကြိုတင်မသိသည့်တိုင်အောင် မည်ကဲ့သို့ ဇာတ်သိမ်းမည်ဆိုတာကတော့ သတ်မှတ်ပြဌာန်းပြီးရှိနှင့်သည်။ ဘောလုံးပွဲမှာကား မည်သို့မည်ပုံ ဇာတ်သိမ်းမည် ဖြစ်ကြောင်း မသိနိုင်။ ပရိသတ်သာမဟုတ်၊ ဒိုင်လူကြီးလည်းမသိ။ ကိုယ်တိုင်ပါဝင်ကစားနေသူများပင်လျှင် ကြိုတင်မသိနိုင်ကြချေ။

    အားကစားပွဲတိုင်းတွင် ပရိသတ်သည် ဘက်လိုက်စမြဲဖြစ်၏။ မိမိတို့ကြိုက်နှစ်သက်သောဘက်သို့ အားပေးကြသည်။ တစ်ခါတစ်ရံ နှစ်ဖက်အသင်းတို့ကို သက်ဆိုင်ရာပရိသတ်က အပြိုင်အဆိုင်အားပေးရင်း ပရိသတ်ချင်း ထဆော်ကြ ချကြတာမျိုးလည်းရှိ၏။

    ပရိသတ်အားလုံးလည်း တညီတညွတ်တည်းအားပေးကြပြီး ကစားသူအချင်းချင်းလည်း ကြည်နူး ချမ်းမြေ့ဖွယ်အားကစားတစ်ခုသာရှိ၏။

    မြန်မာ့ရိုးရာခြင်းလုံးကစားခြင်းပင်ဖြစ်ပေသည်။



မင်းလူ
===============================
(စာပေဂျာနယ်အထူးထုတ်၊ စက်တင်ဘာ၊ ၁၉၉၀)

Thursday, May 19, 2016

ရွှေဥဒေါင်း စာစုများ

ကြေကွဲဖွယ်သော အခြင်းအရာ

ကသာ မြို့သူမြို့သားများသည် သင်္ဘောပေါ်မှာ ပစ္စည်းများကို ရကြ၍ ပျော်ရွှင်လျက်ရှိကြစဉ် သင်္ဘောပေါ်မှ ဆင်းလာကြသည့် ကော်ရင်ဂျီခရီးသည်များ၏ သနားဖွယ်အဖြစ်အပျက်ကိုလည်း ကျွန်ုပ်တွေ့မြင်ရ၏။ တစ်ရာခန့်မျှရှိသော ကော်ရင်ဂျီကုလားများသည် (ကူလီများ ဖြစ်ကြဟန်တူသည်။) ပစ္စည်းများကို ထမ်းသူကထမ်း၊ ရွက်သူကရွက်၊ ကလေးများကို ချီသူကချီ၊ ပွေ့သူကပွေ့၊ လက်ဆွဲသူကဆွဲလျက် ကမ်းပေါ်သို့ တက်လာကြပြီးလျှင် အနောက်စူးစူးသို့ စီတန်းကာ သွားကြလေ၏။ ၄င်းတို့သည် ကသာမြို့မှ 'တမူးခမ်းပ'သို့ ရောက်အောင်သွား၍ ၄င်းမှ အိန္ဒိယပြည်သို့ ၀င်ကြမည်ဆို၏။

ကျွန်ုပ် စုံစမ်းသိရှိရသည်မှာ ဗမာပြည်သို့ ဂျပန်ဝင်လာသောအခါ ကော်ရင်ဂျီကုလားများသည် ကူလီအဖြစ်နှင့် အသုံးဝင်ကြမည်ဖြစ်သောကြောင့် ထိုကဲ့သို့ အသုံးမချနိုင်စေရန် အင်္ဂလိပ်အရာရှိများက ၄င်းတို့အား ချောက်လှန့်၍လွှတ်ပြီး ကသာထိအောင် သင်္ဘောများနှင့် လိုက်ပို့ခြင်းဖြစ်သည်ဟု ဆို၏။ ချောက်လှန့်ပုံကား ဂျပန်ဝင်လာလျှင် ၄င်းတို့အားလုံး သတ်ပစ်လိမ့်မည်ဟု ပြောသည်ဆို၏။ ထို့ကြောင့် လုပ်မှကိုင်မှ စားကြရရှာသော ကော်ရင်ဂျီကုလားများသည် ဘာပစ္စည်းမျှ ယူပြေးစရာမရှိဘဲ အသက်ဘေးအတွက် ပြေးလာရှာကြသည်နှင့် ဤရှည်လျားခက်ခဲသော 'တမူး'ခရီးကို ရိက္ခာမပါဘဲသွားဖို့ ကြံစည်ရှာကြခြင်းဖြစ်လေသည်။ ဤနေရာ၌ အထူးကြေကွဲဖွယ်ကောင်းသော အခြင်းအရာတစ်ခုကို တင်ပြလို၏။ ခရီးသည်များအနက်တွင် အသက်၅၀ကျော်ခန့်ရှိ၍ ကျန်းမာပုံမရသော ကုလားမကြီးတစ်ယောက်သည် တိုလီမိုလီပစ္စည်းများ ထည့်ထားသော သွပ်ပုံးတစ်ပုံးကို ဘယ်လက်ညာလက်ပြောင်းကာဆွဲလျက် နှစ်ဘက်လုံးညောင်းသောအခါတွင် မြေပေါ်၌ ချ၍နား၏။ ဘယ်ရောညာပါ ပြောင်းဆွဲကာမှ ပေ၂၀၀ခန့်လောက်သာ ရောက်နိုင်သဖြင့် ချ၍နားရပြန်၏။

လက်နှစ်ဘက်ညောင်းအောင် ဆွဲကာမှ ပေ၂၀၀ခန့်မျှသာ ရောက်နိုင်၍ တစ်ထောက်ချပြီးနားရသော ဤမိန်းမကြီးသည် 'တမူး'ခရီးကို မည်သည့်နည်းနှင့် ရောက်အောင်သွားနိုင်ရှာပါလိမ့်မည်နည်း။ နောက်ပိုင်း၌ ကျွန်ုပ်ကြားသိရသော သတင်းအရမှာ ၄င်းတို့သည် အိန္ဒိယသို့ မရောက်ဘဲ လမ်းခရီးတွင် အစာပြတ်၊ ရေငတ် ရောဂါကပ်ပြီး ဖတ်ဖတ်မောသည်နှင့် ရာခိုင်နှုန်း ၉၀ မက သေကုန်ရှာကြသည်ဟု ဆိုလေသည်။ ဆိုးယုတ်လှသော နယ်ချဲ့သမားများပေတကား။ ဂျပန်က ကော်ရင်ဂျီကို သတ်ပစ်လိမ့်မည်မဟုတ်ကြောင်း သိလျက်နှင့် ချောက်လှန့်ကာ သေလမ်းသို့ ပို့ရက်သည့် နယ်ချဲ့သမားတို့၏ လောဘဇောပေတကား။ ကျွန်ုပ်သည် ကော်ရင်ဂျီခရီးသည်များဘက်သို့ နောက်ဆုံးမျှော်ကြည့်လိုက်သောအခါ ကုန်းမြင့်ဘက်သို့ တရွေ့ရွေ့တက်နေကြသော ကော်ရင်ဂျီတန်းကြီးကို မြင်ရ၍ ၄င်းတို့အနက် သွပ်ပုံး ပေ၂၀၀လောက် ရွေ့တိုင်းရွေ့တိုင်း တစ်ခါတစ်ခါချ၍ နားရရှာသော ကော်ရင်ဂျီမကြီးအား အထူးကရုဏာဖြစ်ကာ ရင်လေးမိပါတော့သည်။
(တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များမှ)

ဆရာ မင်းလူ စာစုများ

ပဲပြုတ်နှင့်နံပြား (မင်းလူ)
=================

    ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်း အေးဆေးစွာ နေထိုင်သွားရန်ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန်ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ် ကျောင်းသားဘ၀ထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာလည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင် စာပေများကို အချိန်လု၍ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးဆောင်းပါးတွေသာ အရေးများသည်။ ရသစာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် ၀တ္ထုတွေလည်း မရေးဖြစ်ခဲ့။
    သို့ရာတွင် အတိုဆုံးဝတ္ထုလေးတစ်ပုဒ်ကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ဘဲ အမှတ်တမဲ့ ရေးသားခဲ့ဖူးသည်ဟု ကျွန်တော်ဆိုချင်သည်။



   ကြည်...
                 ပဲပြုတ်နှင့်နံပြား ရရင် စားချင်တယ်
                                                                အောင်


    အထက်ပါပေးစာလေးကို ၀တ္ထုတိုအဖြစ် သုံးသပ်ခံစားကြည့်ပါမည်။ ရှေးရိုးစဉ်လာ စာပေ သဘောတရားအရဆိုလျှင် ၀တ္ထုတိုတစ်ပုဒ်တွင် ဇာတ်ဆောင်ပါရမည်။ ပါသည် (အောင်နှင့်ကြည်) ။ ဇာတ်လမ်းပါရမည်။ ပါတာပေါ့။ သိပ်ချစ်ကြသော ဇနီးမောင်နှံနှစ်ယောက်ရှိသည်။ ခင်ပွန်းဖြစ်သူမှာ များပြားလှသောနိုင်ငံ့တာဝန်တွေ ထမ်းဆောင်နေရသဖြင့် အားလပ်ချိန်မရှိ။ အနားယူချိန်မရှိ။ အိမ်ကိုတောင် မပြန်နိုင်။ ဇနီးဖြစ်သူကိုတောင် အေးအေးဆေးဆေး စကားပြောခွင့်မရဘဲ စာတိုလေးနှင့်သာ ဆက်သွယ်နေရသည်။
    ဇာတ်ဆောင်စရိုက် ပီပြင်ရမည်။ ထိုစဉ်က 'အောင်'သည် အစိုးရအဖွဲ့ဝင် ထိပ်တန်းရာထူးကြီးကို ရရှိထားသူဖြစ်၏။ သူသာ စားချင်လျှင် အကောင်းဆုံးဟိုတယ်ကြီးများမှ စားသောက်ဖွယ်ရာများကို မှာယူသုံးဆောင်ခွင့်ရှိသည်။ သို့ရာတွင် သူက ပဲပြုတ်နှင့်နံပြားကိုသာ တောင့်တသည်။ ရိုးသားခြင်း၊ ခြိုးခြံချွေတာခြင်းသဘောကို တွေ့နိုင်သည်။
    အမှန်အားဖြင့် ပဲပြုတ်နှင့်နံပြားလောက်ကတော့ အပါးတော်မြဲကို စီစဉ်ခိုင်းလို့ရတာပဲ။ ဘာကြောင့် အိမ်ကို လှမ်းမှာရသလဲ။ ထိုအချက်ကိုကြည့်လျှင် သူသည် မိသားစုအပေါ် သံယောဇဉ် ကြီးသူ၊ သစ္စာရှိသူဖြစ်ကြောင်း သိသာသည်။ အိမ်က ဇနီးဖြစ်သူကို ကိုယ်တိုင်ပြင်ဆင်ပေးသော လက်ရာကို ခုံမင်တတ်သူဖြစ်သည်။ မိန်းမကို ချွဲချင်တာလည်း ပါကောင်းပါနိုင်သည်။
    သို့တိုင်အောင် သူသည် ဖွဲ့ဖွဲ့နွဲ့နွဲ့မပြောတတ်ရှာ။ တခြားသူတွေသာဆိုလျှင်...

ကြည်...
    နေကောင်းရဲ့လား။ ကိုယ်လဲ အလုပ်တွေများလွန်းလို့ အိမ်ကိုတောင် မပြန်နိုင်ဘူး။ ဒါပေမယ့် စိတ်ကတော့ ကြည့်ဆီကိုပဲ အစဉ်သဖြင့်ရောက်နေတယ်ဆိုတာ ယုံပါနော်။ ကြည့်ရဲ့လက်ရာလေးတွေ ကိုလည်း တမ်းတနေမိတယ်။ ပဲပြုတ်နဲ့နံပြားရရင်လည်း ပို့ပေးပါအုံး။ ဘယ်လိုစားစရာမျိုးပဲဖြစ်ဖြစ် ကြည့်ရဲ့လက်ကလေးနဲ့ ကိုယ်တိုင်ပြင်ဆင်ပေးမှ ပိုအရသာရှိတယ်လို့ ထင်မိတယ်ကွယ်။
                                                                                                  ပိုတောင်လွမ်းတဲ့
                                                                                                 ကိုအောင်ဆန်း

    စသည်ဖြင့် ချွဲချွဲပျစ်ပျစ်ရေးပေလိမ့်မည်။ သူ့ကျတော့ ဒီလိုမဟုတ်။ စာက တစ်ကြောင်းထဲ။ ပြီးတော့ တုံးတိတိကြီး။
ဒါကိုကြည့်ခြင်းအားဖြင့် သူသည် ဘုဆတ်ဆတ်သမား၊ ပြတ်သားသူ၊ စကားအပို မဆိုတတ်သူ၊ အပြောထက် အလုပ်ကို ဦးစားပေးသူ၊ မိသားစုအရေးထက် လူအများ ကောင်းစားရေးကို ပို၍စိတ်ဓာတ်ထက်သန်သူ စသော စရိုက်သဘာဝများရှိကြောင်း ထင်ရှားစွာ မြင်နိုင်သည်။ ၀တ္ထုတိုတစ်ပုဒ်တွင် ရသပါရမည်ဟု ဆိုသည်။ ကြည့်ရအောင်။ တစ်ဦးပေါ်တစ်ဦး နားလည်စာနာတတ်သော၊ သံယောဇဉ်ကြီးကြသော၊ အပြန်အလှန် ပါရမီဖြည့်ပေးကြသော ဇနီး မောင်နှံ၏ချစ်ခြင်းမေတ္တာကိုကြည့်၍ သိင်္ဂါရရသကို ခံစားနိုင်သည်။
    သူတို့နှစ်ဦးမှာ တခြားဇနီးမောင်နှံတွေလို အချိန်ပြည့် ပူးပူးကပ်ကပ်နေခွင့်မရရှာကြ။ များပြားလှသော တိုင်းပြည်တာဝန်တွေကြားမှာ လွမ်းရေးခက်နေကြပုံက ကရုဏာရသမြောက်သည်။
    'ဟင်...ဒီလိုထိပ်တန်းပုဂ္ဂိုလ်ကြီးက ပဲပြုတ်နဲ့နံပြားမှ စားချင်သတဲ့။ အံ့ရော'ဆိုပြီး အမ္ဘုတရသ အဖြစ် မြင်နိုင်သလို 'ဖြစ်မှဖြစ်ရလေ'ဟု ပြုံးချင်စရာဖြစ်သောကြောင့် ဟာသရသလည်း ရောစွက်နေ ပြန်သည်။
    ထိုဇနီးမောင်နှံတို့၏ ဖြူစင်သန့်ရှင်းသောဘ၀ကိုကြည့်ပြီး စိတ်ဓာတ်တည်ငြိမ်အေးချမ်း သာယာမှုကို ရရှိစေသည်။ ထိုအရာသည် သန္တရသပင်ဖြစ်၏။ ထို့အပြင် ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်း စသောဦးတည်ချက်များကလည်း ၀တ္ထုတိုကောင်းတစ်ပုဒ်အဖြစ် ပီပြင်စေသည်။ နည်းနည်းချဲ့ကားပြောလျှင် ဤ၀တ္ထုတိုလေးတွင် လူတန်းစားအမြင်လည်း ပါသည်။ ဘ၀သရုပ်မှန် ၀တ္ထုဟု ယူဆနိုင်သည်။
    ဤ၀တ္ထုတွင် ဇာတ်သိမ်းခန်း ပါဝင်ခြင်းမရှိ။ သို့ရာတွင် ခေတ်သစ်စာပေအယူအဆအရ ဇာတ်လမ်းသည် အရေးမကြီး၊ ဇာတ်ကွက်ကသာ ပဓာနကျသည်။ ဓမ္မဓိဌာန်စာပေအဖွဲ့အနွဲ့တွင် အဖြစ်အပျက်တစ်ခုကို ကွက်၍မီးမောင်းထိုးပြသည်။ အရင်းအတိုင်းဖော်ပြသည်။ စာဖတ်သူက နှစ်သက်သလို တွေးယူလိမ့်မည်။ ခုနောက်ပိုင်း မော်ဒန်၊ ပို့စ်မော်ဒန်ဝတ္ထုများတွင် ဇာတ်လမ်းတောင် ရှိချင်မှရှိသည်။ ဇာတ်သိမ်းခန်းလည်း ပါချင်မှပါသည်။ ထို့ကြောင့် ဤ၀တ္ထုကို ခေတ်ပေါ်ဝတ္ထုတစ်ပုဒ် ဟူ၍လည်း ဆိုကောင်းဆိုနိုင်လိမ့်မည်ထင်သည်။
    ကျွန်တော်သည် ပဲပြုတ်နှင့်နံပြားကို ကမ္ဘာပေါ်မှာ အတိုဆုံး၊ အရိုးသားဆုံး၊ အနုပညာ အပြည့်ဝဆုံး၊ ရသအမြောက်ဆုံးဝတ္ထုတိုလေးတစ်ပုဒ်အဖြစ် စိတ်ကူးယဉ်ခံစားကြည့်မိခြင်း ဖြစ်ပါသည်။

-----------------------------
မင်းလူ
(စာရေးဆရာကိုအောင်ဆန်းစာအုပ်မှ)

ဆရာ မင်းလူ စာစုများ

"အသံထွက်ကုထုံး" (မင်းလူ)
===================

သူ(စာရေးဆရာ)သည် ညနေတိုင်းလိုလို လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်လေ့ရှိ၏။ သူ့လိုပင် ပုံမှန်လာထိုင်တတ်သူအချို့နှင့် စကားဝိုင်းဖွဲ့တတ်သည်။ ရုံးပိတ်ရက်ဆိုလျှင် ၀န်ထမ်းတွေပါ လာထိုင်တတ်သဖြင့် လူပိုစုံသည်။

    ပြောကြတဲ့အကြောင်းအရာတွေကတော့ မျိုးစုံပါပဲ။ တစ်ခါတလေ ဦးတည်ချက်မရှိဘဲ ထွေရာလေးပါးဖြစ်တတ်သည်။ တစ်ခါတလေတော့ တစ်ယောက်ယောက်က မိမိအတွေ့အကြုံ

သို့မဟုတ် မိမိစိတ်ကူးတစ်ခုကို ပြောပြရာမှ ထိုအကြောင်းကို ခေါင်းစဉ်တပ်ပြီး ၀ိုင်းဝန်းဆွေးနွေးကြသည်။ များသောအားဖြင့်တော့ လတ်တလောဖြစ်ပေါ်နေသော စိတ်ဝင်စားစရာသတင်းတွေအကြောင်း ပြောဖြစ်ကြ၏။

    ခုလောလောဆယ်မပါမဖြစ်တဲ့ကိစ္စကတော့ ငလျင်အကြောင်းပင်ဖြစ်၏။ အရှေ့တောင်အာရှနှင့် တောင်အာရှအရှေ့ခြမ်း တစ်လျှောက် လူသိန်းချီပြီး အသက်ဆုံးရှုံးခဲ့ကြရသော ကပ်ဆိုးကြီးဖြစ်၏။ ငလျင်ဒဏ်ထက် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် သေဆုံးရသူတွေက ပိုပြီးများပြားခဲ့သည်။

    ဒီထဲမှာမှ မြန်မာနိုင်ငံသည် ကံကောင်းထောက်မစွာ လူအသေအပျောက်အနည်းဆုံးဖြစ်ခဲ့၏။ ခုလိုဖြစ်ရတာကတော့ အပြင်းထန်ဆုံးသောငလျင်ကြီး၏ဗဟိုချက်နှင့်ဝေးကွာနေခြင်း၊ ကမ်းရိုးတန်းဒေသများတွင် လူနေကျဲပါးခြင်း၊ ရေတိမ်ပိုင်းဖြစ်နေခြင်း၊ ဆူနာမီလှိုင်းကြီး၏အရှိန်ကို ဟန့်တားကာကွယ်ပေးသော သန္တာကျောက်တန်းများ သဘာဝအတိုင်းရှိနေသေးခြင်းတို့ကြောင့် ဖြစ်သည်ဟု တချို့က သုံးသပ်ကြသည်။

    "အဲဒီနေ့မနက်က ကျွန်တော်က အုန်းနို့ခေါက်ဆွဲထိုင်စားနေတာ၊ မိုက်ခနဲ မိုက်ခနဲဖြစ်သွားတော့ အုန်းနို့ကြောင့် သွေးတက်ပြီလို့ထင်တာပေါ့"

    ဟု တစ်ယောက်ကပြောတော့ နောက်တစ်ယောက်က....

    "ကျွန်တော်လည်း ဒီလိုပဲ။ ဟတ်အတက်ဝင်ပြီလို့ထင်နေတာ၊ ဘေးကပစ္စည်းတွေပါ သွက်သွက်ခါနေတာတွေ့တော့မှ ငလျင်လှုပ်မှန်းသိတာ"

    "ကျွန်တော်ကတော့ လမ်းလျှောက်နေရင်း လူက ယိမ်းထိုးလာတော့ လေဖြတ်ပြီထင်ပြီး လန့်သွားတာပဲ"

    "ဒီကြားထဲ ကောလာဟလတွေက ဖြစ်လိုက်သေးတယ်။ ဘယ်အချိန် ဘယ်နှနာရီမှာ ငလျင်ထပ်လှုပ်မယ် ဆိုပြီးတော့လေ..."

    "ငလျင် ဘယ်တော့လှုပ်မယ်ဆိုတာကို ခေတ်အမီဆုံး၊ အတိုးတက်ဆုံးနိုင်ငံကြီးတွေမှာတောင် ကြိုတင်ခန့်မှန်းနိုင်တာမှ မဟုတ်တာ။ အဲဒီလိုသာရကြေးဆိုရင် ဟိုတစ်ခါ ဂျပန်မှာလှုပ်သွားတဲ့ ကိုဘေးငလျင်ကြီးကို ရှောင်နိုင်ရမှာပေါ့ မဟုတ်ဘူးလား"

    စာရေးဆရာကပြောသည်။

    "ဆူနာမီရေလှိုင်းကတော့ ငလျင်ဗဟိုချက်နဲ့ခရီးအကွာအဝေးကိုလိုက်လို့ မိနစ်ပိုင်း၊ နာရီပိုင်းလောက် ကြိုတင် သိနိုင်တယ်တဲ့။ အဲဒီအချက်နဲ့ရောထွေးပြီး တောင်ထင်မြောက်ထင်ဖြစ်ကုန်တာလည်းပါတယ်ဗျ"

    "လူတွေကတော့ သူများပြောရင်ယုံကြတာပဲ။ အိမ်ပေါ်မှာမနေရဲလို့ဆိုပြီး လမ်းပေါ်မှာ တစ်ချိန်လုံးဒုက္ခခံပြီး ထွက်ထိုင်နေတဲ့လူတွေကို ကျွန်တော်က ငလျင်လှုပ်မယ်ဆိုတာ ဘယ်သူမှ ကြိုတင်ခန့်မှန်းနိုင်တာမဟုတ်ဘူးလို့ ပြောတော့ မိန်းမကြီးတစ်ယောက်က ဘာပြန်ပြောသလဲ သိလား"

    "ဘာတဲ့လဲ.."

    "ငလျင် ဘယ်တော့လှုပ်မယ်ဆိုတာ ကြိုမပြောနိုင်သလို နောက်ထပ်မလှုပ်တော့ပါဘူးလို့လည်း ကြိုတင်ပြီး အာမခံနိုင်လို့လားတဲ့"

    စာရေးဆရာက ခေါင်းတစ်ချက်ဆတ်ပြီး..

    "အင်းလေ.. ကြောက်တယ်ဆိုတာကို အပြစ်လို့ပြောဖို့ကတော့ ခက်သားကလား။ လူတွေမှာကလည်း ဒီအသက်လေး တစ်ချောင်းပဲရှိကြရှာတာကိုး"

    ဟု ပြောသည်။

    ထိုစဉ်မှာ ဆရာဝန်ရောက်လာသည်။ ဆရာဝန်သည် ပုံမှန်လာနေကျမဟုတ်။ ဆေးရုံတာဝန်ပြီးလျှင် ဆေးခန်းကို တန်းပြေးရသူဖြစ်၏။ ဆေးရုံနားရက်ရမှ ဆေးခန်းမသွားခင်ဝင်လာတတ်သူဖြစ်၏။ ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး တစ်ဦး၏ဆေးခန်းမှာ လက်ထောက်အဖြစ် ၀င်လုပ်ရင်း ပညာဆည်းပူးနေသူလည်းဖြစ်၏။

    "ငလျင်အကြောင်းပြောနေကြတာမှ ဟုတ်ရဲ့လား"

    ဟု ဆရာဝန်ကမေးသည်။

    "ဒါပဲပြောစရာရှိတာကိုး ဆရာရဲ့"

    "အေးဗျာ..ကျွန်တော်လည်း ဒါပဲပြောမိလို့ပါပဲ။ ငလျင်နဲ့ပတ်သက်ပြီး ထူးခြားတဲ့လူနာတစ်ယောက် တွေ့ခဲ့ရတယ်ဗျ"

    အားလုံးက စိတ်ဝင်စားသွားသည်။ ဆရာဝန်က ဆက်ပြော၏။

    "ဦးနှောက်မှာ တစ်စုံတစ်ခုကြောင့် ဒဏ်ရာရပြီး အတိတ်မေ့သွားတဲ့လူနာတစ်ယောက်ဟာ နောက်တစ်ခါ ခေါင်းကို မတော်တဆထိခိုက်မိပြီး ပြန်ကောင်းသွားတယ်ဆိုတာမျိုး ရုပ်ရှင်တွေထဲမှာ တွေ့ဖူးတယ်မဟုတ်လား"

    ခေါင်းညိတ်ကြသည်။

    "တကယ်တော့ အဲ့ဒါမျိုးတွေဖြစ်တတ်တယ်ဆိုပေမယ့် ရုပ်ရှင်တွေ၊ ၀တ္ထုတွေထဲမှာလောက် မလွယ်ပါဘူး။ အတော် ဖြစ်တောင့်ဖြစ်ခဲ့ပါဗျာ။ ဒါပေမဲ့ ဆေးခန်းမှာ အဲ့ဒါမျိုးဆန်ဆန်တွေ့ခဲ့ရတယ်ဗျ"

    "ဘယ်လိုမျိုးလဲဆရာ"

    "ခါးဆစ်ရိုးထိခိုက်မိပြီး အောက်ပိုင်းမလှုပ်ရှားနိုင်တဲ့လူနာဗျ။ အရိုးအနေအထားပျက်သွားလို့ အာရုံကြောမကြီးကို ဖိမိပြီးဖြစ်တာ၊ ခွဲစိတ်ကုသလို့လည်း ရကောင်းရနိုင်ပေမယ့် တပ်အပ်ကောင်းသွားမယ်လို့ မပြောနိုင်ဘူး။ ဒါနဲ့ သောက်ဆေး၊ ထိုးဆေးနဲ့ ကုနေရတာ"

    ထိုလူနာက ရှစ်ထပ်တိုက်ခန်းမှာနေခြင်းဖြစ်၏။ ငလျင်လည်းလှုပ်ရော သူ့ရောဂါကိုမေ့ပြီး ကြောက်လန့်တကြား ရုန်းကန်ထပြေးနေရာက ကြောရိုးအနေအထား ပြန်မှန်သွားပြီး ကောင်းသွားခြင်းဖြစ်သည်ဟု ဆို၏။

    "ခုဆိုရင် လူကောင်းပကတိလို လမ်းမလျှောက်နိုင်သေးပေမယ့် အမှီအတွယ်နဲ့ဆိုရင် သွားလို့ရနေပြီ"

    "တကယ်ကံကောင်းတဲ့လူပဲနော်"

    "ကံကောင်းတယ်မပြောနဲ့ဦးဗျ။ ခြေထောက်ပြန်ကောင်းသွားပေမယ့် ငလျင်လှုပ်တဲ့အချိန်မှာ ရှစ်ထပ်တိုက်က သွက်သွက်ခါနေတော့ သေတော့မှာပဲလို့ အရမ်းထိတ်လန့်ပြီး စကားမပြောနိုင်တော့ဘဲ ဖြစ်သွားတယ်"

    "ဟာဗျာ၊ ဖြစ်ပုံကလည်း"

    "အရမ်းကြောက်လန့်စရာအဖြစ်နဲ့ ကြုံရတာတာတို့ အလွန်တုန်လှုပ်ခြောက်ခြားစရာမြင်ကွင်းကို မြင်ရတာတို့ဖြစ်တဲ့အခါ အဲဒီလိုပဲ ဆွံ့အသွားတတ်တယ်။ များသောအားဖြင့်တော့ ဒါမျိုးဟာ ယာယီပဲဖြစ်တတ်တာပါ။ တချို့ကတော့  အချိန်တော်တော်ကြာတဲ့ အထိ ပြန်မကောင်းဘဲဖြစ်နေတတ်တယ်"

    "အခု ဆရာပြောတဲ့လူကတော့ သူ့ခမျာ သနားပါတယ်။ ခြေထောက်ပြန်ကောင်းသွားပြီးမှ ဆွံ့အသွားရရှာတယ်"

    "အခုတော့ ပြန်ကောင်းသွားပါပြီ။ စကားပြန်ပြောနိုင်ပါပြီ"

    "ဟုတ်လား။ ဆရာတို့ ဘယ်လိုကုထုံးကို သုံးလိုက်လို့လဲ"

    "ဘာကုထုံးမှ မသုံးလိုက်ရဘူး။ သူ့ဘာသာပြန်ကောင်းသွားတာ"

    "ဘယ်လိုလဲ ဆရာရဲ့"

    "ဒီလိုဗျ၊ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြတဲ့ တိုက်ဂါးဖလားဘောလုံးပွဲမှာ မြန်မာအသင်းကန်နေပုံကိုကြည့်နေရင်း အားမလို အားမရဖြစ်ပြီး ထအော်လိုက်ရာက အသံပြန်ထွက်လာတာပဲ"

    ဆရာဝန်က နာရီကိုကြည့်ပြီး...

    "ဟာ...ဆေးခန်းသွားဖို့ အချိန်တောင်နီးနေပြီ"

    ဆိုပြီး ထထွက်သွားသည်။ နားထောင်နေသူများ ဆတ်တငံ့ငံ့ဖြစ်ကျန်ခဲ့၏။ တကယ်ပဲပြောသလား၊ စိတ်ကူးတည့်ရာပဲ လျှောက်ပြောသွားသလား ဆိုတာကတော့ နောက်တစ်ခေါက်လာမှပဲ မေးကြည့်ရတော့မည်။ ဒီဆရာဝန်ကလည်း ခပ်နောက်နောက်ရယ်။

- မင်းလူ
-----------------------------------
(အတွေးသစ်ဂျာနယ်၊ ၁၇-၁-၂၀၀၅)

Wednesday, April 20, 2016

ကဗျာရေးနည်း

ဝပ်ဆိုင်းမွန်

အလင်္ကာရေးနည်းဟာကဗျာလောကမှာအသုံးများပါတယ်။

မြန်မာကဗျာရေးနည်းအတော်များများဟာ အလင်္ကာရေးနည်းကိုအခြေခံပါတယ်။ အလင်္ကာရေးနည်းကိုမပြောခင် မြန်မာ ကဗျာရေးနည်းတွေ

မှာ မသိမဖြစ်သိသင့်သိထိုက်တာလေးအရင်ပြောလိုပါတယ်။ ဘာတွေလဲဆိုရင် ၀ါကျ၊ပဒ နဲ့ ကာရန် ဆိုတာလေးပါ။ ၀ါကျဆိုတာ စာရေးတဲ့

အနေနဲ့ပြောရရင် ကြိယာတစ်ခုဆုံးရင် တစ်ဝါကျလို့ခေါ်ပါတယ်။ ဥပမာ=ကိုနေနိုင်သည် စာရေးနေသည်။ဒါတစ်ဝါကျလို့ခေါ်ပါတယ်။

ဘာလုပ်တယ် ညာလုပ်တယ်စသည်ဖြင့် ပြုလုပ်ပုံများကိုရေးသားခြင်း ဖွဲ့ပြခြင်း များရဲ့ စာကြောင်းတစ်ကြောင်းဟာတစ်ဝါကျပါပဲ။

ပဒဆိုတာကတော့ မြန်မာလိုပုဒ်လို့ခေါ်ပါတယ်။တစ်ပါဒမှာသုံးလုံး စာလုံးလေးလုံး ငါးလုံး ခြောက်လုံး စသည်ဖြင့် ရှိပါတယ်။ တစ်ပုဒ်ကိုတစ်ပါဒပေါ့။ဥပမာ= သူသွားတယ် ။ ငါလာတယ်။ သူစားတယ်။ဒါသုံးဝါကျပါ။အဲဒီသုံးဝါကျဟာ သုံးပါဒပါပဲ။

ကာရန်ဆိုတာ သရကာရန် အသတ်ကာရန် အသံကာရန်ဆိုပြီး သုံးမျိုးရှိပါတယ်။အမှတ်တစ်မှာတင်ပြခဲ့တဲ့ကာရန်တွေဟာ သရကာရန်

များဖြစ်ပါတယ်။ အခုအသတ်ကာရန်ကိုပြောပြပါမယ်။ အသတ်ကာရန်ဆိုတာ ကက် ခက် မက် ပက် လက် ဘက် ဖက် ဆက် ယက် စသည်ဖြင့်

ကကြီးနဲ့သတ်ရင် ကသတ်ကာရန်၊ ကန် ခန် မန် လန် ပန် သန် စန် ဟန် စသည်ဖြင့် နငယ်နဲ့ သတ်ရင် နသတ်ကာရန်လို့ခေါ်ပါတယ်။

လွယ်လွယ်ပြောပြရရင် အက္ခရာ ၃၂လုံးဘာနဲ့သတ်သတ် အသတ်ကာရန်လို့ခေါ်ပါတယ်။ကာရန်မှာ အတွင်ကာရန် အပြင်ကာရန်ဆိုပြီးနှစ်

မျိုးရှိပါတယ်။ အပြင်ကာရန်ဆိုတာ ကိုယ်ရေးတဲ့ဝါကျရဲ့အဆုံးစာလုံးကို ကြည့်ပြီး နောက်စာကြောင်းမှာ ကာရန်ယူရင် အပြင်ကာရန်။ ကိုယ်

ရေးတဲ့ဝါကျရဲ့အတွင်း စာလုံး၏ကာရန်ုကိုယူပြီးနောက်စာကြောင်း(သို့မဟုတ်)နောက်ဝါကျမှာ ကာရန်ယူရင် အတွင်းကာရန်လို့ခေါ်ပါ

တယ်။ အသံကာရန်ဆိုတာကတော့ အသတ်ကာရန်လို အသတ်တူစရာမလိုပါဘူး။ ကိုကိုနဲ့ပိုပို ကနခိုတွေ ၀ယ်လာတယ်။

ကို ပို ခို ဟာအသတ်တူကာရန် လို့ခေါ်ပြီး အသံလဲညီတာမို့အသံကာရန်ခေါ်နိုင်ပါတယ်။

အသံကာရန်ဟာ အသတ်ကာရန်ကိုနားလည်တယ်ဆိုရင် သိပ်မထူးပါဘူး။ နသတ် မသတ် ပသတ် နဲ့ တသတ်ဟာ စာရေးတဲ့အခါ

အသံတူတတ်တာမို့ အသံကာရန်လို့ပေါ်လာတာလို့ထင်ပါတယ်။

ကဲပြောပြသင့်တာလေးပြောပြပြီးတော့ အလင်္ကာရေးနည်းဆီ ဆက်ကြရအောင်ပါ။

---------------------------------------------------------------------------------------------------------------------------------------------------------------------------

အလင်္ကာစပ်နည်းမှာ လေးလုံးတစ်ပါဒကိုအခြေခံကြပါတယ်။ လေးလုံးတစ်ပါဒခြင်းဆက်ရာမှာ အခြေခံနှစ်မျိုးရှိပါတယ်။

တစ်မျိုးက သုံးပါဒတွဲဖြစ်ပြီး ကျန်တစ်မျိုးက နှစ်ပါဒတွဲဆက်နည်းဖြစ်ပါတယ်။

သုံးပါဒတွဲဆိုတာစာလုံးလေးလုံးပါတဲ့ စာကြောင်းသုံးကြောင်းကို ကာရန်ယူပြီးရေးတာပါ။

ဥပမာ။ ။မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေ၀န်းလည်။ လည်ကို(လယ်လို့မဖတ်ရ၊ လီလို့ဖတ်ပါ)။

အထက်ပါဥပမာမှာ ခြေ ထွေ ရေ တို့ဟာ ကာရန်များဖြစ်ပါတယ်။ပါဒသုံးပါဒနဲ့ဖွဲ့တာပါ။ သုံးပါဒတွဲဆက်ရာတွင်စပ်နည်းလေးမျိုးရှိပါတယ်။

၁။ သုံးချက်ညီစပ်နည်း

၂။ချိန်ခွင်လျှာစပ်နည်း

၃။ထိပ်ချင်းခတ်စပ်နည်း

၎။အထူးသုံးချက်ညီင်္စပ်နည်းဆိုပြီးလေးနည်းပါ။

အားလုံးဟာ တစ်ပါဒမှာ စာလုံးလေးလုံးရှိရပါတယ်။ ကာရန်ယူရာမှာသာ ကွာခြာသွားပါတယ်။

သုံးချက်ညီစပ်နည်းက ၄ ၃ ၂ကာရန်ယူရပါတယ်။

မဲဇာတောင်ခြေ

စီးထွေထွေတည့်

မြစ်ရေ၀န်းလည် မှာ စာကြောင်းတိုင်းလေးလုံရှိတယ်။ ပထမစာကြောင်းရဲ့ အဆုံး ခြေ။ ဒုတိယစာကြောင်း ရဲ့ နှစ်လုံးမြောက်ထွေ။

တတိယစာကြောင်းရဲ့ရေတို့ကိုကာရန်ယူထားတာဟာ လေးသုံးနှစ်ကာရန်လို့ခေါ်ပါတယ်။ဒါသုံးချက်ညီစပ်နည်းပါ။

ချိန်ခွင်လျှာစပ်နည်းကကာရန်ယူပုံကတော့လေးသုံးနှစ်ပါပဲ။သူကအသတ်ကာရန်မှာ သူက ပထမပါဒနဲ့ တတိယပါဒသာကာရန်တူဖို့လိုပါ

တယ်။ဥပမာ။  ။မည်လျင်မတိမ်၊ကုက္ကိုထိန်ဟု၊ ချုပ်ငြိမ်သာယာ။

ဒီသုံးပါဒအအဖွဲ့မှာ တိမ် နဲ့ ငြိမ်သာ အသတ်တူကာရန်ဖြစ်ပြီး ထိန်ဟာ အသံကာရန်ကာရန်ဖြစ်သွားတော့ကာရန်အဖြစ်မသတ်မှတ်ဘဲ

ချိန်ခွင်လို ဟိုဘက် ဒီလက် ညီတာမို့ ချိန်ခွင်လျှာလို့ခေါ်ပါတယ်။

ထိပ်ချင်းခတ်စပ်နည်းကတော့ ပထမစာကြောင်းနဲ့ ဒုတိယစာကြောင်းသာကာရန်ညီဖို့လိုပါတယ်။တတိယစာကြောင်းကာရန်အသတ်ညီ

ဖို့မလိုပါဘူး။ အသံကာရန်တော့ညီရသာပေါ့လေ။

သပမာ။ ။ဒီစာကိုးခန်း ပုလဲပန်းဖြင့် စိတ်ကြမ်းမာန်လျော့။ခန်း ပန်းဟာကာရန်ပါပဲ။အစနှစ်ခုညီလို့ထိပ်ချင်းခတ်လို့ခေါ်တာပါ။

ကြမ်းကတော့ အသံကာရန်ဖြစ်သွားတာပေါ့။

အထူးသုံးချက်ညီကတော့ ကာရန်ယူပုံက ၄ ၃ ၁ ဖြစ်သွားပါတယ်။ သပမာ။ ။တောင်ငွေ့ဝေေ၀ အထွေထွေနှင့် လေလည်းရောရာ။

ဒီပုံစံမှာ ဝေ ထွေ လေ ဟာ လေး သုံး တစ်ကာရန်လို့ခေါ်ပါတယ်။စာကြောင်းတိုင်းမှာတော့ လေးလုံးစီဖွဲ့ရတာကိုသတိပြုရပါတယ်။

အလင်္ကဟာစာကြောင်းလေးလုံးစပ်တာကိုအခြေခံပါတယ်။ဒါကြောင့်သတိပြူရတာပါ။ နောက်မှ ဆက်ပါမည်ခင်ဗျာ ။

အချိန်မရတော့လို့ ဒီနေ့တော့ နားပါမည်။ရွှေထဲကသူငယ်ချင်းကျန်းမာစေကြောင်းဆုတောင်းလျက် ၀ါသနာပါတာတွေကို

စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့လေ့လာနိုင်ပါစေလို့ဆန္ဒပြုပါလျှက်။

           


Monday, March 28, 2016


From Maung Tun Wai
မိတ်ဆွေများဖတ်ရှု့ စေချင်တဲ့ စာတပိုဒ်
""Chief Of Staff- Dr တင်မာအောင်""

ဒေါ်အောင်ဆန်းစုကြည်ရဲ့ "ဘ၀သံသရာ" ထဲက ဒေါက်တာ တင်မာအောင်
ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန်
နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက
သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါ တယ်။ "ဘဝသံသရာတဲ့
ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊
ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ ကိုယ့်ကိုယ်ကို သံသရာ
ခရီးသည်လိုလို၊ အခြေတကျ မရှိ တဲ့ သိုးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။
သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။
မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက် လေယာဉ်နဲ့ပဲ
 ရန်ကုန်ကနေ မန္တလေး တက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ
နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊
အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော် က တောင်တွင်းကြီး၊
နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက
ရန်ကုန် လေယာဉ်နဲ့ ပြန်ဆင်း။
ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့
ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက
ဒေါက်တာတင်မာအောင်ရယ်၊ သူ့ရဲ့လက်ကိုင် ဖုန်းရယ်၊ စာရွက်စာတမ်းတွေရယ်၊
အချိန်ကိုအမြဲ လုလုပ်နေရတာကြောင့် ကားထဲကပဲ ဖုန်းနဲ့ လုပ်စရာတွေ
တော်တော်များများ လုပ်ရပါတယ်။ ဒေါက်တာတင်မာအောင်က "No, No, No"
တွင်တွင်ပြောနေပြီ ဆိုရင်တော့ ဟိုဘက်က ပြောတာ မကြားရပေမယ့် အသည်းအမည်း
တွေ့ချင်ပါ တယ် ပြောနေသူ တစ်ယောက်ယောက်ကို အသည်းအသန် ငြင်းနေရတယ် ဆိုတာ
သိနေပါပြီ။
ကျွန်မက ကားမူးတတ်လို့ ကားသွားရင်း စာမဖတ်နိုင်ဘူး။ ကံကောင်းထောက်မစွာ
ဒေါက်တာတင်မာအောင်မှာ ဒီပြဿနာမရှိပါ။ ဒီတော့ကားထဲမှာပဲ ကျွန်မကို စာတွေ၊
စာတမ်းတွေ ဖတ်ပြပြီး အလုပ်တချို့ကို ဖြတ်ရပါတယ်။ ခရီးရှည်သွားရင်တော့
အဆင်ပြေသလို အစား စားရတဲ့ အလုပ်က ပိုလာပါတယ်။ ပြည်ပ ခရီးဖြစ်ဖြစ်၊
ပြည်တွင်းခရီးဖြစ်ဖြစ် အချိန်နဲ့ ထမင်း မစားနိုင်တာ ခဏခဏ ဖြစ်လို့ ရိက္ခာ
အနည်းငယ် သယ်တဲ့အကျင့် ပါနေပါပြီ။ စားရပုံကလည်း တစ်တခါ တလေ ရယ်ချင်
စရာပါပဲ။ ဒေါက်တာ တင်မာအောင် သန့်စင်ခန်း မဝင်မနေနိုင်တော့ပါ ဆိုပြီး
အတင်းခေါ်သွား တာ၊ သန့်စင်ခန်းထဲရောက်မှာ ဘီစကွတ်မုန့်လေးတွေ ထုတ်ကျွေးတာ
ရှိခဲ့ဖူးပါတယ်။ ကားထဲမှာ သွားရင်း လာရင်း စောင့်ကြိုနေတဲ့ ပြည်သူတွေကို
နှုတ်ဆက်ရင်း ကြားထဲက ဒေါက်တာ တင်မာအောင် ဖဲ့ဖဲ့ပေးတဲ့ မုန့်လေးတွေ ကပျာကယာ
စားရပါတယ်။ ဆရာဝန်ဆိုတော့ ဒေါက်တာတင်မာအောင်က ကျွန်မကို အစိုတစ်ရှုးစက္ကူ၊
အခြောက်တစ်ရှုးစက္ကူတွေနဲ့ လက်သုတ်ပြီးမှ စားစေချင်တယ်။ ဒီလို
လုပ်နေလို့ကတော့ အချိန်မီ စားပြီးမှာ မဟုတ်ဘူး။ ခံနိုင်ရည်ရှိအောင် ညစ်ညစ်
ပတ်ပတ်ပဲ စားတော့မယ်ဆိုပြီး ကျွန်မ တစ်ခါတည်း လှမ်းယူဖန်များတော့လည်း
ဆရာဝန်မကြီး လက်လျော့ရတာပေါ့။
လမ်းမှာစားလို့ အကောင်းဆုံးကတော့ ပြည်သူတွေ မေတ္တာနဲ့ ပေးတဲ့
မုန့်လေးတွေပါပဲ။ ဒီတခါ အညာခရီး မှာ ရွာလေးတစ်ခုက လူတွေပေးလိုက်တဲ့
ထန်းသီးမုန့် အဖြူနဲ့ အကြော်စုံလေးတွေက လတ်လတ် ဆတ်ဆတ် ဒေသ လက်ရာတွေ ဆိုတော့
 တကယ့်ကို အရသာရှိပါ တယ်။ ဒေါက်တာ တင်မာအောင်က လိမ္မော် သီးလေးတွေရရင်
သိပ်ကျေနပ်တာပဲ။ ကျွန်မ အာခေါင်ခြောက် တဲ့အခါ ကျွေးပါတယ်။ နှစ်ဦးပိုင်းက
ကြားဖြတ်ရွေးကောက် ပွဲအတွက် စည်းရုံးရေး ခရီးတွေ သွားရတုန်းကနဲ့ မတူ၊
ထူးထူးခြားခြား မကွေးခရီး မှာ တရက်နည်းနဲ့ အသံဝင်၊ လည်ချောင်းနာချင်တာတယ်။
ဖုန်နဲ့ နေပူတာနဲ့ ပြည်သူတွေနဲ့ စကားပြောတာ များတာနဲ့ အားလုံး
ပေါင်းလိုက်လို့နဲ့ တူပါတယ်။ မကွေးအဝင်မှာ လူငယ်လေး တစ်ယောက်က ပန်းသီးလေး
တစ်လုံး ပေးလိုက်တာ ချက်ချင်း ကိုက်စားတဲ့ အခါ လန်းသွားရပါတယ်။
တည်းခိုနေတဲ့ နေရာရောက်မှ ရေနွေးနဲ့ ဆားနဲ့ငုံ၊ ဖီးကြမ်းငှက်ပျောသီးနဲ့
ပျားရည်စား တာ စသဖြင့် လည်ချောင်းအမြန်ကုနည်းတွေ စမ်းရပါတယ်။ ဒါပေမယ့်
အခုထိ အားက ပုံမှန် မဖြစ်သေးပါဘူး။
နေပြည်တော်က မကွေးခရီးစဉ် တစ်လျောက် ရှုးခင်းတွေက စုံပါတယ်။ ပထမပိုင်းမှာ
တောင်ပတ်လမ်းတွေနဲ့ လှပသာယာတယ်။ မြေပြန့်ကို ရောက်တော့ ထန်းတောလေးတွေ၊
ရွာတွေနဲ့ ခပ်ဝေးဝေးမှာ အိပ်စက်နေတဲ့ အုတ်ဂူလေးတွေကတော့ လွမ်းစရာ၊
စဉ်းစားစရာပါပဲ။ ခရီးသွားတိုင်း အမြင်သစ်၊ အတွေးသစ်တွေ အမြဲရပါတယ်။ ခဏခဏ
ခရီးသွားရလို့ ကျွန်မအတွက် စိတ် အနှောက်အယှက် ဖြစ်ရတာကတော့
ခွေးလေးတိုင်ချီးတိုးကို ထားခဲ့ရတဲ့ ကိစ္စပါပဲ။ "သွားပြီ ပြန်လာမယ်"လို့တော့
 အမြဲပြောသွားပေမယ့် သူကတော့ ဘယ်နားလည်ရှာမလဲ။ ဘယ်တော့ ပြန်ပေါ်လာ မလဲ ဆိုတာ
 ဘယ်လိုသိနိုင်မှာလဲ။ အမေရိကန် ပြည်ထောင်စု ခရီးက ၁၉ ရက် တောင် ကြာခဲ့တော့
ပြန်လာစအခါမှာ တိုင်ချီးတိုး ကျွန်မကို လုံးဝသူ့မျက်စိ အောက်က အပျောက်
မခံနိုင် ဖြစ်နေပါတယ်။ သူ့နားက သွားတော့မယ် ထင်တာနဲ့ ကျွန်မ ခြေတောက်တွေကို
 ဖက်ထားတယ်။ ညအိပ်တဲ့ အခါမှာလည်း သူ့ကိုနဲ့ ကျွမခြေတောက်တွေကို
ကပ်ပြီးအိပ်တယ်။ သူ့နားက ခွဲခွာသွားစေတာ ဒီခြေတောက်တွေပဲ၊ လွှတ်ထားလို့တော့
မဖြစ်ဘူးလို့ ထင်ပုံရတယ်။ ကျွန်မ ခဏခဏ ထွက်သွားရတဲ့ အကြောင်းတွေကို
တိုင်ချီးတိုးသာ သိရင် ဘာများလုပ်မလဲလို့ တခါတရံ တွေးမိပါတယ်။ ဒီတပတ်တော့
ဒီမျှသာ။
အောင်ဆန်းစုကြည် (ဒီလှိုင်းဂျာနယ်)
By-Ko Thura Aung
Maung Tun Wai
မြန်မာပြည် မှ အလွဲများ   ဆရာမင်းလူသည် ဤကဗျာကြောင့် စစ်အစိုးရ၏ ဒုတိယအကြိမ်မြောက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။ ဤကဗျာကို တည်းဖြတ်သူ ကိုမျိုးမြင့်ငြိမ်း ထုတ်ဝေသူ ကိုစိန်လှိုင် တို့သည်လည်း ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရသည်

(၁) အော်…… ဒုက္ခ ဒုက္ခ... သူတို့ကြီးစိုးတဲ့ခေတ်မှာ...
အာဇာနည်ဖြစ်ရတာ မစားသာပါလားနော်။
တနှစ်တခါ ၀တ်ကျေတန်းကျေ
အလေးပြုခံရ ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင် လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။

(၂) ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်ေ
သာက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
 မြည်နေတဲ့တပ်မတော်
 အိမ်ယာမဲ့တွေကို ရေမီးအစုံနဲ့
 ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ မိုးတွင်းမှာရေကြီးတယ်
 နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား

 (၃) ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ သံဃာတော်တွေကို
သင်္ဃန်းဝတ်တွေတဲ့ ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ ၀ါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
 ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့ စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့ သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
 မိမိတို့အနေဖြင့် ဟ၀ှာပြုလျှင်
ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့် ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့ ရှင်းပါတယ်နော်။

(၄) ဟိုတယောက်လေ တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့ အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ…. နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့ ဥက္ကဌတဲ့…..

 (၅) သူ့ရဲ့ အနှစ်ဆုံးဝါသနာက မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင် ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ
 တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့ ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့ အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့

 (၆) ဒါပေမယ့် လွှဲမှာပါ.. လွှဲမှာပါ..
ပုခက္လႊဲသလို လႊဲမွာပါ ေ
ဒါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ် လက်ဆောင်ပေးမယ်ဆိုရင်
မကောင်းဘူးလား သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး မိန့်ခွန်းပြောရင်
ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ
 ကြောက်စရာကြီး
 ရှေးက ကဗျာတပုဒ်ထဲက စာကြောင်းတကြောင်း
သတိရမိတယ်
 “ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့ လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ” အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ မင်းလူ(၁၉၈၉)

Copy the BEST Traders and Make Money : http://ow.ly/KNICZ


မေး.....Figure out ဆိုတဲ့အသုံးကိုမေးထားပါတယ်။ ဖြေ....အားလုံးသတိထားနိုင်အောင်လို့ပြောချင်ပါတယ်။ အကြောင်းအရာတစ်ခုမှာ ကိုယ်သိထားတဲ့ ဝေါဟာရကိုအသုံးပြုပြီး စာကြောင်း ( သို့ ) စကားကိုတွေ့လိုက် ပြီဆိုပါစို့..ဥပမာ ( I will try to figure him out. )...ဝေါဟာရတွေကို အကုန်သိ တယ်..ဘာသာပြန်လို့မရတော့ဘူး...။ကိုယ်က ဝေါဟာရတစ်ခုကို..ကျက်မှတ်ရာ မှာ အလွတ်ကျက်..တစ်ခုဆို..တစ်ခုပဲသိထားတယ်။ figure ( Noun )..ပုံပန်းသဏ္ဍန် ကိန်းဂဏန်း စသဖြင့်ပေါ့...အဲဒီတော့ ခပ်တည်တည်ပဲဘာသာပြန်ပစ်လိုက်တယ်။ ( သူ့ရဲ့ပုံပန်းသဏ္ဍန်လို ဖြစ်ဖို့ကျနော်ကြိုးစားရလိမ့်မယ်....တဲ့ )..လွဲပြီ..။ တက်တက် စင်အောင်လွဲပြီ...။ မှားလို့ အပစ်ပြောတာမဟုတ်ဘူးနော်..ဆင်ခြင်နိုင်အောင်လို့... တကယ်က figure out ဆိုတာ ( Phrasal Verb ) အသုံး..နားလည်သည် ၊ သဘော ပေါက်သည် ( Understand ) နဲ့အတူတူပဲ။ တကယ့်အဓိပ္ပါယ်အစစ်အမှန်က ( သူ့ကို နားလည်ဖို့ ကြိုးစားရလိမ့်မယ် ) ဆိုတာပဲဖြစ်ပါတယ်။ ဒီတော့...စာကြောင်းတစ်ကြောင်းမှာ ဝေါဟာရတွေအားလုံးကိုသိထားပေမဲ့ ဘာသာပြန်လို့မရဘူးဆို ( ၁ ) phrasal verb ( ၂ ) idiom ( ၃ ) slang တစ်ခုခုဖြစ် နေပါလိမ့်မယ်။သိထားတဲ့ဝေါဟာရနဲ့ ရောမကြိတ်ပါနဲ့...လွဲတတ်တယ်။နောက်တစ် ခုက....figure out နဲ့ understand ဘာကွာပါသလဲဆိုရင်...figure out ဆိုတာက phrasal verb ဖြစ်ပြီး..understand ဆိုတာက word ဖြစ်ပါတယ်။ Related Posts

Copy the BEST Traders and Make Money :  http://ow.ly/KNICZ




Sunday, March 27, 2016


♡Applicationလေး Updateထွက်ပါပြီခဗျာ၊၊♡

 Applicationလေးရဲ့ စွမ်းဆောင်ရည်များနှင့် ပါဝင်မှုများကတော့ စာရေးဆရာကြီးများ၏ စာပေများ(pdfဖိုင်များ)။စာပေဟောပြောပွဲ အသံဖိုင်များ၊ ဆရာမောင်မိုးပွင့်(ရေကြည်)ကဗျာများ၊ဆရာညိမ်းမင်းနိုင်၊ဆရာလဝင်းကဗျာများ၊Artist Kyaw Htay၏ပန်းချီကားများ၊မိုးဦး ပန်းချီ၏ ပန်းချီကားများနှင့် အခြား ပန်းချီ
ဆရာ၊မများ၏ပန်းချီများပါရှိမှာဖြစ်ပြီးတော့ ထိုအရာများအား applicationလေးကို ဒေါင်းထားရုံနဲ့ စာအုပ်ပေါင်းများစွာနှင့်appမှာ ပါဝင်သော အခြားကဗျာ ၊စာပေ၊ပန်းချီများကို ဖတ်နိုင်၊ကြည့်နိုင်၊ခံစားနိုင်မည်ဖြစ်သည်၊၊
Facebookကိုလဲ အကောင့်2ခုတပြိုင်တည်းအသုံးပြုနိုင်သလို
Wechatကိုပါ အသုံးပြုလို့ရပါသည်၊၊

#သတိပြုရမည့်အချက်မှာ ဗားရှင်းဟောင်းကို အသုံးပြုနေသည့် သူများအနေဖြင့် လက်ရှိသုံးနေသော ဗားရှင်းဟောင်းကို ဖြုတ်ချပြီးမှသာလျှင် updateထွက်သည့်appကို ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်ခဗျာ၊၊

Applicationလေးကို ဒီနေရာမှာ ဒေါင်းပါ

http://snappy.appypie.com/media/appfile/edb9cb0f23db.apk

လိပ်ပြာကလေးရေ ပျော်ရွှင်ပါစေ၊၊